" မိန်းကလေးကို သူငယ်ချင်းမှ ချစ်သူအဖြစ် ကမ်းလှမ်းချင်သော အချိန် "
မိန်းကလေးဘက်ကတော့ သူ့ကို ကြိုက်တယ်လို့ဆိုတဲ့ ရင်ထဲကစကားကို မပြောနိုင်ပင်မဲ့ သူ့ကို သိစေချင်ပါတယ်။
သူ့ကိုအသိပေးဖို့ဆိုတာ ဘယ်လိုလုပ်မှ ဖြစ်မှာလဲ။ သူတို့တွေက ကိုယ့်ကို သူငယ်ချင်းကနေ ချစ်သူအဖြစ် တောင်းဆိုချင်သော အချိန်က ဘယ်အချိန်ဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
၁.အရင်ကထက် ပိုပြီး မိန်းကလေးဆန်လာသောအချိန်
မိန်းကလေးတွေမှာ အရွယ်နဲ့ အချိန်အခါအလျောက် တစ်နေ့ပြီးတစ်နေ့ အလှတိုးလာတာ အမှန်ပါ။ အမြဲတမ်း ကျောင်းမှာ အလုပ်မှာ အတူတူရှိနေပြန်တော့လည်း ယောင်္ကျားလေးတွေအနေနဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် အနေနဲ့သာ ဆက်ဆံကြတာများပါလိမ့်မယ်။ ဒီအချိန်မှာ ကိုယ့်ကို ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက် ဖြစ်ဖို့ရန်အတွက်ကတော့ လှလှပပနေထိုင်တတ်ဖို့ရန် အလွန် အရေးကြီးပါတယ်။ ဥပမာ အမြဲတမ်း သနပ်ခါး ပါးကွက်ကြားနဲ့ ပျော်ပျော်နေတတ်တဲ့သူက တစ်နေ့မှာတော့ လှလှပပ ဝတ်စားဆင်ယင်ပြီး နေလိုက်ရင်တော့ သူ့တို့မျက်စိမှားပြီး ကိုယ့်ကို တကယ့်ကို မိန်းကလေးတစ်ယောက်အနေနဲ့ အလေးထားလာပါလိမ့်မယ်။
၂.သူငယ်ချင်းတွေက ကိုယ့်အကြောင်းကို ပြောလာသောအချိန်
သူငယ်ချင်းတွေက ကိုယ့်အကြောင်းကို ပြောလာသောအချိန်၊ သူလေ အခုတလော တော်တော်ပြောင်းလဲသွားတယ်နော်။ တော်တော့်ကို လှလာတာ စသည်ဖြင့် သူငယ်ချင်းတွေထဲမှာ ကိုယ့်အကြောင်းချည်းပဲ ပြောနေပြီဆိုရင်တော့
သူလည်း မိန်းကလေးတစ်ယောက်အနေဖြင့် ကိုယ့်ကို သတိထားမိလာပါလိမ့်မယ်။
၃.မိန်းကလေးဆန်သော ချစ်စရာကောင်းသော အပြုအမူလေးတွေကို တွေ့ရသောအချိန်
ပိုးကောင်တွေကို ကြောက်တတ်ပြီး ဘာရယ်လို့ မဟုတ်ပဲ ကြောက်ပြီး အော်လိုက်တာပဲဖြစ်ဖြစ်၊ လက်ကလေးနောက်ပစ်ပြီး ပြေးနေတဲ့အချိန်ပဲဖြစ်ဖြစ် မိန်းကလေးဆန်တဲ့ အမူအရာလေးတွေက ယောင်္ကျားလေးရဲ့ ရင်ထဲမှာ မေ့မရတဲ့ မြင်ကွင်းလေးဖြစ်ပါလိမ့်မယ်။
၎.ရုတ်တရက် ရှက်စရာ ရယ်ဖို့ကောင်းသော အချိန်
ကိုယ်မှာ ဘာရယ်လို့မဟုတ်ပင်မဲ့ သူများကတွေ့ရင် နည်းနည်းရှက်စရာကောင်းတဲ့ အပြုအမူလေးတွေကို သူ့အရှေ့မှာ ပြလိုက်တယ်ဆိုတာက သူ့ကို စိတ်ဝင်စားနေလို့ဖြစ်သလို၊ သူကလည်း မိန်းကလေးတစ်ယောက်အနေနဲ့
မထင်မှတ်ပဲ တွေ့လိုက်ရတဲ့ ရှက်စရာပေမဲ့ ချစ်စရာအကြောင်းလေးတွေကို တွေးပြီး ရင်ထဲမှာ ကြိတ်ပျော်နေတတ်ကာက ယောင်္ကျားလေးတွေ အလုပ်ပါ။
၅. ကိုယ့်ရဲ့ အားနည်းချက်ကို ပြောလိုက်တဲ့ အချိန်
လူတိုင်းဆိုသလို အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိကြပင်မဲ့လည်း သူစိမ်းတစ်ယောက်ကို ကိုယ်ရဲ့ အားနည်းချက်ကို ဖွင့်ပြောနိုင်တယ်ဆိုတာ နည်းတဲ့သတ္တိမဟုတ်ပါ။
ဒါကြောင့် ကိုယ့်ရဲ့အားနည်းချက်တွေကို သူ့ကိုပြောပြီး တိုင်ပင်နေပြီဆိုရင်တော့ သူ့ကိုကြိုက်နေမိပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်သလို၊ သူ့မှာလည်း သူငယ်ချင်းမှ နောက်တစ်ဆင့်သို့ တက်လျှောက်ရန် မျှော်လင့်နေပြီလို့ ဆိုရမှာပါ။
သူငယ်ချင်းအဆင့်ကနေ ချစ်သူရည်စားတွေဖြစ်ဖို့ရန် အချိန်ပေးရမှာဖြစ်သလို၊ ဒီအဆင့်ကို ကျော်ဖြတ်ဖို့ရန်လည်း ကြိုးစားရမှာဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးအားလုံး အဖြေတွေရပြီး ချစ်သူတွေဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Credit: Chelmo Team
Saturday, February 14, 2015
" မိန်းကလေးကို သူငယ်ချင်းမှ ချစ်သူအဖြစ် ကမ်းလှမ်းချင်သော အချိန် "
Labels:
ချစ်မှုရေးရာ,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment