ဒါတွေကြောင့် လက်မထပ်ပါနဲ့ ---
Sex အတွက်ကြောင့် လက်မထပ်ပါနဲ့ - ကိုယ့်အသက်အရွယ်ကြောင့် စဉ်းစားပီးလက်မထပ်ပါနဲ့- အသက်ကြီးလာပီ အိမ်ထောင်ပြုမှ ဖြစ်တော့မယ်လို့ တွေးပီး လက်မထပ်ပါနဲ့ -
အထီးကျန်မှုကြောင့်လဲ လက်မထပ်ပါနဲ့-
ငွေကြေးအထောက်အပံ့လိုအပ်လို့ လူတစ်ယောက်ကို လက်မထပ်ပါနဲ့-
အမှားတစ်ခုကြောင့် ကိုယ်ဝန်ရပီး လက်ထပ်လိုက်ရခြင်းမျိုး မဖြစ်ပါစေနဲ့-
လူတစ်ယောက်ကို ဆုံးရှုံးရမှာစိုးလို့  အပိုင်သိမ်းလက်ထပ်ခြင်းမျိုးလဲ မလုပ်ပါနဲ့
မိသားစုဖိအားတွေကြောင့်လဲ ကိုယ်မချစ်တဲ့သူတစ်ယောက်ကို အတင်းလက်ထပ်မယူပါနဲ့-
တခြားသူတွေရဲ့ မင်္ဂလာဆောင်တွေကို အားကျပီးလဲ မယူပါနဲ့-
ကိုယ့်သူငယ်ချင်းတွေအားလုံး ယူကုန်ကြပီဆိုပီး ကိုယ်လဲယူတော့မယ်လို့ တွေးပီး လက်မထပ်ပါနဲ့ ---
ဒါတွေကြောင့် လက်ထပ်ပါ ---
ကိုယ့်ကိုလဲ သူကတန်ဖိုးထားပီး ကိုယ်ကလဲသူ့ ကို အမှန်တစ်ကယ်မြတ်နိုးတယ်ဆိုရင် လက်ထပ်ယူပါ-
သူဟာ ကိုယ့်ရဲ့ဘဝဖြစ်ပီး သူ့ကြောင့်ကိုယ်ပျော်ရွှင်ရတယ်ဆိုရင် လက်ထပ်ပါ-
သူနဲ့  တစ်သက်လုံး အတူတူသာ ရှိနေမယ်ဆိုရင် အရာအားလုံးနဲ့ လဲနိုင်မယ်လို့  ယုံကြည်ရင် လက်ထပ်ပါ-
စိတ်ဆင်းရဲမှုတွေနဲ့ အဆင်မပြေမှုတွေကြုံလာရင်လဲ ပြောင်းလဲမသွားပဲ အတူတူရင်ဆိုင်နိုင်တယ်လို့  ယုံကြည်မှုရှိရင် လက်ထပ်ပါ-
အနစ်နာခံမှုတွေနဲ့ အတူ သစ္စာထာဝရရှိနိုင်မယ်ဆိုရင် လက်ထပ်ပါ ---
Translation Credits Goes To အက္ခရာ Jay Ki
No comments:
Post a Comment