ငါ့အနားရှိနေတဲ့အခါ
ငါ့အပေါ်ကလေးတစ်ယောက်လို ဆိုးနွဲ့နေတတ်ပေမဲ့
ငါ စိတ်ညစ်နေတတ်တဲ့ အချိန်တွေမှာတော့
ငါ့အပေါ် လူကြီးတစ်ယောက်လို အားပေးတတ်တဲ့
ချစ်သူ………
ငါ့ အပေါ် သဝန်တိုစိတ်လေးတွေနဲ့
စိတ်ဆိုး စိတ်ကောက်ပီး ချုပ်ခြယ်နေတတ်ပေမဲ့
ငါ့ အနား ယုံကြည်မှုလေးတွေနဲ့ပဲ
နားလည်ပေးရင်း ခွင့်လွှတ်ပေးနေတတ်ပြန်တဲ့
ချစ်သူ………
ငါ့မှာ လိုအပ်ချက်တွေရှိနေတယ်ဆိုတာ
သိရက်နဲ့လဲ ငါ့တစ်ယောက်ထဲကိုပဲ ချစ်နေပေးရင်း
ငါ့အနား ပျော်ရွှင်စွာရှိနေပေးတတ်တဲ့
ချစ်သူ………
နင့်အပေါ်မှာလဲ အရာအားလုံးထက် ပိုတဲ့
ချစ်ခြင်းတွေနဲ့အရမ်းချစ်ပါတယ်
ချစ်သူရယ်………
Khin Myo Aye (Poem)
No comments:
Post a Comment