" တန်ရာတန်ကြေး "
စကားတတ်တဲ့ ကြက်တူရွေးတစ်ကောင် ရှိတယ်..ခုရက်ပိုင်း ဘာဖြစ်တယ်မသိဘူး အစာကျွေးတဲ့သခင်ရဲ့လက်ကိုလည်းဆိတ်လွှတ်တယ်ဧည့်သည်လာရင်လည်း မပြန်မခြင်း ဆဲဆိုနေတယ်
ဒါနဲ့ တိရိစ္ဆာန်ဆေးကုဆရာဝန်ကို သွားပြကြည့်တာ
ဆရာက စမ်းသပ်စစ်ဆေးကြည့်ပြီးတော့ ပြောတယ်…
“ခင်ဗျားကြက်တူရွေးက အထီး၊ မိတ်လိုက်ချင်နေတာဗျ”
“ဟုတ်လား ဆရာ”
“ဟုတ်တယ်၊ အတော်ပဲဗျ ကျနော့်မှာလည်း ချစ်စရာကောင်းတဲ့ ကြက်တူရွေးအမလေး ရှိတယ်”
“ဟုတ်ကဲ့ ဆရာ”
“ဒါပေမယ့် မိတ်လိုက်ခ ၁၅ ဒေါ်လာတော့ ပေးရမယ်”
၁၅ ဒေါ်လာပေးရမှာဆိုတော့ ပိုင်ရှင်က အင်တင်တင်လုပ်နေတယ်။ ဒီတော့ သူ့ကြက်တူရွေးက စိတ်မရှည်ဘူးထင်ပါရဲ့ ထအော်တယ်… …
“လုပ်လေ လုပ်လေ လုပ်လေ”
ကြာရင်ပိုဆိုးမှာ စိုးလို့ ၁၅ ဒေါ်လာပေးလိုက်တယ်။ ဒါနဲ့ သူ့ကို ကြက်တူရွေးမ လှောင်အိမ်ထဲထည့်ပြီး လိုက်ကာနဲ့ကာပေးလိုက်တယ်။ ချက်ခြင်းပါပဲ ကြက်တူရွေးမ ငယ်သံပါအောင်အော်ပြီး လှောင်အိမ်ထဲကနေ အမွေးအတောင်တွေ လွင့်စင်ထွက်လာတယ်။
ဆရာဝန်လည်း ဘုရားတပြီး လိုက်ကာကို ဆွဲဖယ်ကြည့်လိုက်တော့ ကိုယ့်အကောင်က ကြက်တူရွေးမကို လှောင်အိမ်ကြမ်းပြင်မှာ ချနင်းထားပြီး အမွေးတွေ ဆွဲနုတ်နေတာကိုး
ဆရာဝန်က အော်တာပေါ့… …
“ဟာ ဒီအမျိုးယုတ်ကောင် ဘာလုပ်တာလဲဟ”
ဒီတော့ ကြက်တူရွေးက ပြန်ပြောတယ်… …
“၁၅ ဒေါ်လာနဲ့တန်အောင် ခင်ဗျားကောင်မကို မိတ်မလိုက်ခင် ကိုယ်လုံးတီးချွတ်နေတာလေ” တဲ့။
” Oိာန် ”
Credit: သန်၎
No comments:
Post a Comment