" ရေခဲပြင်ဖြစ်သွားတဲ့ နိုင်ယာဂါရာ ရေတံခွန် "
အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့အကြားမှာ တည်ရှိတဲ့ Niagara Falls (နိုင်ယာဂါရာ ရေတံခွန်) တခုလုံး ရေခဲပြင်အသွင်ပြောင်းလဲသွားပြီဖြစ်တယ်လို့ ရိုက်တာသတင်းတရပ်က ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အပူချိန် ၆ ဒီဂရီဖာရင်ဟိုက် (မိုင်းနပ်စ် ၁၄ ဆဲစီးယပ်စ်) အထိ ကျဆင်းခဲ့တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
နိုင်ယာဂါရာရေတံခွန်ဟာ အမြင့်ပေ ၁၆၅ ပေ (မီတာ ၅၀) အထက်မှာရှိတဲ့ မတ်ဆောက်တဲ့ ရေတံခွန်လည်း ဖြစ်ပါတယ်။
ဒီလိုအဖြစ်မျိုးဟာ မနှစ်ကလည်း ဖြစ်ပွားခဲ့ဖူးပါသေးတယ်။
ရေခဲပြင်အသွင်ဖြစ်နေတဲ့ ဒီရေတံခွန်ကို လာရောက်လည်ပတ်ကြသူ ဓာတ်ပုံရိုက်ကြသူ ခရီးသွားများကိုလည်း တွေ့ရပါတယ်
ရေခဲပြင်အသွင်ပြောင်းလဲနေတဲ့ နိုင်ယာဂါရာ ရေတံခွန်ရဲ့ပုံရိပ်တချို့ကို ဖော်ပြပေးလိုက်တာပါ။
http://blog.irrawaddy.org/2015/02/blog-post_19.html
No comments:
Post a Comment