မိန်းကလေးတွေ
အတို အပြတ် ဝတ်ဆင်ထားတဲ့အခါ
လူတွေရဲ့အာရုံစိုက်မှု့ ကိုခံရနိုင်ပါတယ်
ဒါပေမယ့်
သူတို့တွေရဲ့ ပါးစပ်ဖျားမှာ
ကဲ့ရဲ့စကားတွေကတော့
နေရာယူနေပါလိမ့်မယ်
ယောက်ျားလေးတွေရဲ့ စိတ်ဝင်တစားကြည့်တာကို ခံရနိုင်ပါတယ်
ဒါပေမယ့်
သူတို့ မျက်ဝန်းထဲမှာတော့
မြတ်နိုးလေးစားတဲ့ အကြည့်တွေ
နေရာယူဖို့ မဖြစ်နိုင်ဖို့ များနေပါလိမ့်မယ်
ပတ်ဝန်းကျင်မှာ
Hot ဖြစ်ဖို့ များပါတယ်
ဒါပေမယ့်
တကယ့် သူငယ်ချင်းတွေကတော့
နှစ်လိုဖို့ရာ ရာခိုင်နှုန်းနည်းနေပါလိမ့်မယ်
သိပ်မိုက်တယ်လို့ ဆိုကြပါလိမ့်မယ်
ဒါပေမယ့်
ဘုရားကျောင်းကန်တွေကို
အတူသွားဖို့ မခေါ်မှာကတော့
သေချာဖို့ ရာ များနေပါလိမ့်မယ်
ငြိမ်းလဲ့
No comments:
Post a Comment