Monday, February 9, 2015

ကျွန်တော်တို့ ဖွဘုတ်ထဲမှာ ဒီလိုပဲရှိတယ်..ဟီး ဟီး

ကျွန်တော်တို့ ဖွဘုတ်ထဲမှာ ဒီလိုပဲရှိတယ်..ဟီး ဟီး

ဒီနေ့အတွက် လူကြိုက်အများဆုံး Status

အပြင်

အိမ်က ဘိုးတော်ကွာ...
ပလိန်းကြီး လာရစ်နေတာနဲ့ ပြန်ကောပေးလိုက်တယ်...
အန်းတိတ်အဘိုးကြီးတွေ ချီးတော်တော်ပေါက်တာပဲ.....။

ဖေ့ဘွတ်

အဖေ ဆိုတာ ငါတို့ အိမ်ရဲ့ အမိုး.....
ငါတို့ အနာဂတ်ကို.... ပံပိုးပေးတဲ့ မဟာကျေးဇူးရှင်ကြီးပေါ့..
(Like တွေ ထောင်သောင်းချီ)
................…………………………………………
အပြင်

အမေရာ..ပိုက်ဆံလေး (၂) သောင်းလောက်တောင်းတာ အဖြစ်သဲနေလိုက်တာ..
မွေးတုန်းကမွေးထားပြီး.. ကိုယ့်သမီးလေး လူရာဝင်အောင်တော့ ထားရမှာပေါ့..
အမေတို့က မမိုက်ပါဘူး.... တော်ပြီ ဒီနှစ်စာမေးပွဲ မကျကျအောင်ဖြေပြမယ်ကြည့်နေ

ဖေ့ဘွတ်

မြင့်မိုရ်ထက်မြင့်သောနေရာဟာ
မေမေ့ မေတ္တာပါပဲ...
မေမေ သမီးရှိခိုး ဦးခိုက်လျက်ပါ
(Like တွေ ထောင်သောင်းချီ)
....................……………………………………
အပြင်

ဟွန်း … ကိုကိုကလည်း ပန်းခြံကြီးထဲတော့ မသွားချင်ပါဘူး... မသကာ လုံလုံခြုံခြုံရှိတဲ့ ဟိုတယ်ဆိုတော်သေး..ဟို ရေချိုးခန်း..အိမ်သာတွဲရက်နော်..သိလား

ဖေ့ဘွတ်

မိန်းမကောင်းဆိုတော ပန်းလေးတစ်ပွင့်လိုပဲ.… လိပ်ပြာတွေဘယ်လောက်ဝန်းရံရံ.… ကိုယ့်အပျိုစင်ဘ၀ကို ဆူးတွေနဲ့ ကာကွယ်ထားရတဲ့ နှင်းဆီလိုပါ ... ရှင်
(Like တွေ ထောင်သောင်းချီ)
……………………………………………………
အပြင်

ဟာကွာ..ဒီအဘွားကြီးလာတာနဲ့ ကားလမ်းတွေပိတ်ကုန်ပြီး..လခွီး..ဒီမှာ စော်နဲ့ချိန်းထားတာ..စောက်ဂွပဲ..

ဖေ့ဘွတ်

ဒီနေ့ အမေ့ ဟောပြောပွဲကို သွားအားပေးခဲ့တယ်..
အို ခေါင်းဆောင်ကောင်းပီသပြီး ကျက်သရေရှိလိုက်တာ မေမေ.....။
(Like တွေ ထောင်သောင်းချီ)
………………………………………………………
အပြင်

တောက်...ဒီတရားပွဲက လော်စပီကာ ငါ့အိမ်ဘက်ကိုမှ လှည့်ထားတယ် နားညည်းလိုက်တာ ..........
ဘီယာဆိုင်ပဲလစ်တာကောင်းတယ်..။

ဖေ့ဘွတ်

အမျိုး ဘာသာ သာသနာကို ကျုပ်တို့ အရိုးတွေ စီးရိုးထိုးပြီး ကာကွယ်ကြစို့...
ကျုပ်တို့ရဲ့ ဓားတွေကို သွေးထားကြ..... ဘာသာ သာသနာအတွက် အသက်ပေးကြ..
(Like တွေ ထောင်သောင်းချီ)

အဲ့ဒီလို..အဲဒီလို..ပါ............ညီလေးရေ..။


Credit: ကိုကိုမောင်(ဗြိတိသျှ )


No comments:

Post a Comment