Thursday, February 12, 2015

ပည်သူချင်း သွေးချောင်းစီးနေတာကို ဗိုလ်ချုပ်က မြင်လိုမ

ပြည်သူချင်း သွေးချောင်းစီးနေတာကို
ဗိုလ်ချုပ်က မြင်လိုမှာ မဟုတ်ပါဘူး။

ပြည်သူချင်း စိတ်ဝမ်းကွဲနေတာကို
ဗိုလ်ချုပ်က မြင်လိုမှာ မဟုတ်ပါဘူး။

ပြည်သူချင်း ခေါင်းပုံဖြတ်ခံနေရတာကို
ဗိုလ်ချုပ်က မြင်လိုမှာ မဟုတ်ပါဘူး။

ပြည်သူချင်း အနိုင်ကျင့်နေတာကို
ဗိုလ်ချုပ်က မြင်လိုမှာ မဟုတ်ပါဘူး။

ပြည်သူချင်း မညီမညွတ်ဖြစ်နေတာကို
ဗိုလ်ချုပ်က မြင်လိုမှာ မဟုတ်ပါဘူး။

ဗိုလ်ချုပ် မမြင်လိုတာတွေကို
ပြည်သူကလည်း မြင်လိုမှာ မဟုတ်ပါဘူး။

တကယ်တော့
ဗိုလ်ချုပ်ဟာ ပြည်သူ ဆန်လွန်းတဲ့
ဗိုလ်ချုပ်ပဲ ဖြစ်ပါတယ်။

ငြိမ်းလဲ့


No comments:

Post a Comment