" စစ်မှုမထမ်းမနေရ ဥပဒေအကြောင်း လေ့လာမိသမျှ "
အကြွင်းမဲ့  ပြည်ပစစ်တစ်ခု ဖြစ်ဖို့ …မလွယ်ကူပါ …. သို့သော် … အကြောင်းကြောင်းကြောင့် …
စစ်ဖြစ်လာခဲ့လျှင် … နိုင်ငံတော် သမ္မတသည် … ပြည်သူ့စစ်မှုထမ်း ဥပဒေ နှင့် … အရန်တပ်ဖွဲ့ ဥပဒေများကို … စတင် အသက်သွင်းပါလိမ့်မည် ….
၂။ ထို ဥပဒေများသည် ….၄.၁၁.၂၀၁၀ ရက်နေ့တွင် …. ဥပဒေအမှတ် ၂၇ / ၂၀၁၀ …၂၈ / ၂၀၁၀ တို့ဖြင့် … အတည်ပြု ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည် …သမ္မတမှ အသက်သွင်းသည့်နေ့ တွင်… စတင် အသက်ဝင်ပါမည်…
၃။ ထိုဥပဒေတွင် … အသက် ၁၈ နှစ်မှ ၃၅ နှစ် ထိ အမျိုးသား အားလုံး …. အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးများ အားလုံး …. အကျုံးဝင်ပါသည် ….. ကျွမ်းကျင်ပညာရှင် ဖြစ်လျင်….အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသား အားလုံး ….. အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများ အားလုံး …. အကျုံးဝင်ပါသည် ….
၎။ သာသနာ့ ၀န်ထမ်းများ …. (မည်သည့် ဘာသာမဆို) အိမ်ထောင်သည် အမျိုးသမီး …. သားသမီး ရှိသော အိမ်ထောင်ပျက် အမျိုးသမီး …. ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူ …. စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က … သီးခြားအမိန့် ထုတ်ပြန် ကင်းလွတ်ခွင့်ပြုသူများ ….. ကင်းလွတ်ခွင့် ရပါသည် ….
၅။ ယာယီ ဆေးအဆင့်နိမ့်နေသူများ … နိုင်ငံဝန်ထမ်းများ …. ပညာသင်ကြားနေသူများ ….. အခြား ပြုစုစောင့်ရှောက်မည့်သူမရှိသည့် …….. မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ …. မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများ နှင့် …. ထောင်ဒဏ်ကျခံနေရသူများ … ယာယီ ကင်းလွတ်ခွင့် ပြုပါသည် … ယာယီကင်းလွတ်ခွင့်ပြုထားတုန်း …. အသက် ကန့်သတ်ချက် ကျော်လွန်သွားလျှင် …. ကင်းလွတ်ခွင့် မပြု ပါ …. မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါသည် ….
၆။ စစ်မှုထမ်း ကာလသည် ….. သာမန် လူများ အတွက် ၂ နှစ်ဖြစ်ပြီး …. ပညာသည်များ အတွက် ၃ နှစ်ဖြစ်ပါသည် …… အရေးပေါ် အခြေအနေများတွင်… မည်သူ့ကိုမဆို ….. စစ်မှုထမ်းကာလ ၅ နှစ်အထိ .... သက်တမ်း တိုးမြှင့်နိုင်ပါသည် …..
၇။ အရန်တပ်ဖွဲ့  ဥပဒေပုဒ်မ ၂ အရ … ကာကွယ်ရေး ဦးစီးချုပ်သည် …စစ်မှုထမ်းဟောင်းများ အားလုံးကို …
စစ်မှုထမ်းဆောင်ရန် ... ပြန်လည်ဆင့်ခေါ်နိုင်ပါသည် … ထို ဆင့်ခေါ်ခံရသော စစ်မထမ်းဟောင်းများ သည် … တပ်မတော်တွင် နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့သော … ရာထူး နှင့် စစ်ဝတ်စုံတို့ကို သုံးစွဲခွင့်ပြုပါသည် …
၈။ စစ်မှုထမ်းဆောင်ရသူများ အားလုံးသည် … ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို လိုက်နာရပါမည် …
စစ်မှုထမ်းကာလအတွင်း .....ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်လျှင် …. စစ်တရားရုံး မှ ဖြစ်စေ…..နယ်ဘက် တရားရုံး မှ ဖြစ်စေ ….. ချမှတ်သော ပြစ်ဒဏ်ကာလကို... စစ်မှုထမ်းကာလ အတွင်း … ထည့်သွင်း စဉ်းစားခြင်းမပြုပဲ ….. သတ်မှတ်ကာလ ပြည့်သည်ထိ…. စစ်မှု ထမ်းဆောင်ရပါမည် …
၉။ စစ်မှုထမ်းကာလအတွင်း …. အဆင့်လိုက် လစာ စားရိတ်များ ခံစားခွင့်ရရှိပါမည် …. တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့ပါက … တပ်မတော် မှ သတ်မှတ်ထားသည့် အတိုင်း ….. ခံစားခွင့်များ ရရှိပါမည် ……
၁၀။ စစ်မှုထမ်း ဆင့်ခေါ်စာကို … သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံ….. တိုက်ရိုက် ပေးအပ်မည် ဖြစ်ပြီး ….. မတွေ့ရှိခဲ့လျှင် …. မိသားစုဝင်တစ်ဦးဦး အား ….. သက်သေတစ်ဦးရှေ့တွင် ပေးအပ်ပါလိမ့်မည် .... ထိုသို့ ပေးအပ်ခြင်းသည် …. ဥပဒေအရ …..
သက်ဆိုင်ရာပုဂ္ဂိုလ် လက်ထဲသို့ …. ပေးအပ်ခဲ့ပြီး ဖြစ်သည်ဟု မှတ်ယူပါလိမ့်မည်……..
၁၁။ ပြည်သူ့ စစ်မှုထမ်း ဥပဒေပုဒ်မ ၂၃ အရ ….. မှတ်ပုံတင်ဖို့ ဆင့်ခေါ်ချိန်၌ ပျက်ကွက်လျှင်…..
ဆေးစစ်ဖို့ ဆင့်ခေါ်ချိန်၌ ပျက်ကွက်လျှင် ….. စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်၌ ပျက်ကွက်လျှင် ….. မှတ်ပုံတင်ချိန်၌ အကြောင်းအရာတစ်ခုခုကို ….. လိမ်လည်ရေးသား ဖော်ပြလျှင် ….. ထောင်ဒဏ် ၃ နှစ် ကျခံရပါမည် …
၁၂။ ပြည်သူ့ စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၄ အရ…… စစ်မှုထမ်းခြင်းမှ ရှောင်လွဲရန်အတွက် … ရောဂါရှိ ဟန်ဆောင်ခြင်း …. တမင် ရောဂါရအောင် လုပ်ခြင်း ….. ရောဂါကို မပျောက်အောင် ပိုဆိုးလာအောင် လုပ်ခြင်း... အနာတရ ဖြစ်အောင်လုပ်ခြင်း တို့အတွက် …. ကျူးလွန်သူအား ထောင်ဒဏ် ငါးနှစ်…..
အားပေးသူ ကူညီသူအား .... အရပ်သား ဖြစ်လျှင် ထောင်ဒဏ် တစ်နှစ် …..၀န်ထမ်း ဖြစ်လျှင် ထောင်ဒဏ် သုံးနှစ် ကျခံရပါလိမ့်မည် … ရဲအရေးပိုင်သော ပြစ်မှုများ အဖြစ် .... သတ်မှတ်ထားပါသည် ....
၁၃။ ပုဒ်မ ၂၃ နဲ့ ၂၄ ကို ကျုးလွန်သူများသည် ... ပြစ်ဒဏ်ကျခံပြီးသည့်နောက် …. စစ်မှုထမ်းဆောင်ရန်...
ပြန်လည်သတင်းပို့ ရပါမည် ……
၁၄။ လွှတ်တော်မှ မပယ်ဖျက်မခြင်း .... ဤ ဥပဒေသည် အတည် ဖြစ်ပါသည် ...
၁၅။ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများ ....လုံးဝ လုံးဝ ကင်းလွတ်ခွင့် ပြုမည် မဟုတ်ပါ ....
၁၆။ စစ်ဖြစ်တော့မည်ဟု ဆိုလိုခြင်း မဟုတ်ပါ ... တကယ် စစ်ဖြစ်လာရင် ... ဟင့်အင်း ... သားက မပါဘူး... သမီးက မလိုက်ချင်ဘူး ... သူတို့ကိုပဲ ခေါ်သွားလို့  လုပ်လို့မရကြောင်း ... ပြောချင်တာ ဖြစ်ပါသည် ...။
ဘေးထိုင်ဘိုင်ကျဘုပြောသမားများ ........ မရှင်းရင် ဆယ်ခေါက်ပြန်ဖတ်ပါ .။
credit မူရင်းပိုင်ရှင်
ရဲဘော်ချမ်းပြန်လည်မျှဝေသည်
No comments:
Post a Comment