" အမှန် တော့ အပျိုကြီး ဆိုတာ "
အပျိကြီးဆိုတာ ဂျီးများလို့ ယောက်ျားမရတာ မဟုတ်ဘဲ ယောက်ျားရဖို့ ဂျီးများတာသာဖြစ်တယ်
ချိန်တာနဲ့လွဲသွားတာ မဟုတ်ဘဲ အလွဲတွေကိုချိန်မိမှာစိုးလို့ မယူတာဖြစ်တယ်
သူများတွေလင်ပူမိပြီး ဗျာပါရိုက်နေချိန် အပျိုကြီးများဟမ်ဘာကာကိုက်ရင်း စားဝင်အိပ်ပျော်အလှမပျက် နေမြဲတိုင်းလေးနေနေရတယ်
ဘုရားဟောနဲ့အညီ မိမိကိုယ်သာကိုးကွယ်ရာလို သတ်မှတ်ပြီး ဘယ်သူ့မှအားမကိုးဘဲ တယောက်ထဲ တင့်တင့်တယ်တယ်နေတယ်
ဈေးကွဲချိန် ရောင်းမစွံဘဲကျန်နေတာမဟုတ်ဘဲ တန်ဖိုးကြီးလို့ သူများမဝယ်နိုင်ကြလို့ ကျန်နေတာသာဖြစ်တယ်
အိမ်ထောင်သည်မိန်းမတွေ ရင်ထုနေရတဲ့အချိန် အပျိုကြီးမမများ ဘင်ထုပြီးစစ်သီချင်းပါ ဆိုနေကြတယ်
သူများဦးဆောင်တဲ့နောက်မလိုက်ဘဲ ကိုယ်တိုင်ဘဲဦးဆောင်နိုင်သူတွေဖြစ်တယ်
အိမ်ထောင်သည်မိန်းမတွေပိုက်ဆံကို ယောကျာင်္းမျက်နှာကြည့်သုံးနေရချိန်မှာ အပျိကြီးများဘယ်သူ့မှ လူမထင်ဘဲစိတ်ကြိုက် သုံးခွင့်ရနေကြတယ်
ကဲ ဘာပြောချင်သေးလည်း :)
Credit - Nannan Oo
No comments:
Post a Comment