" ရွှေအကြောင်း သိကောင်းစရာ "
ရွှေအကြောင်းလေ့လာရင် န၀ရတ်ကိုးပါး လက်စွပ်အကြောင်းလဲ သိသင့်ပါတယ်။
၁။ ပတ္တမြားဘုန်းတောက်
၂။ မြကျောက်အေးချမ်း
၃။ စိန်စွမ်းဂုဏ်ရောင်
၎။ ကြောင်ကား သိဒ္ဓိ
၅။ နီလာ မေတ္တာကဲချုပ်
၆။ ဂေါ်မိတ် ခွန်အား
၇။ ဥဿဖရား ကျန်းမာ
၈။ သန္တာကြီးကဲ
၉။ ပုလဲကျက်သရေ
န၀ရတ်အစွမ်း ကိုးသွယ်တည်း။ ရှေးပညာရှင်များ၏ အဆိုအမိန့် ဖြစ်ပါသည်။
ငွေပိုရင် ရွှေဝယ်စုရင်ကောင်းမလား၊ ဘယ်မှာဝယ်ရမလဲ၊ ဘယ်လိုရွှေမျိုး ၀ယ်ရမလဲ မေးကြတယ်။ ငွေဘယ်လောက်ပိုလဲ ဘယ်လောက်စုချင်လဲပေါ်မှာ မူတည်ပါတယ်။ တစ်ဆယ်သားဘိုးလောက်စုချင်ရင်တော့ အကယ်ဒမီတံဆိပ် ရွှေတုံးဝယ်တာအကောင်းဆုံးပေါ့။ အခုပေါက်ဈေးနဲ့ဆိုသိန်းခုနှစ်ဆယ်ကျော်ကျမယ်။
တစ်ဆယ်သားဘိုးမပြည့်ရင်တော့ တစ်မတ်သား၊ ငါးမူးသားအခေါက်လက်စွပ်နဲ့ တစ်ကျပ်သားကနေ ငါးကျပ်သားအထိ အခေါက်လက်ကောက်တွေ ၀ယ်စုလို့ရပါတယ်။
အလျော့တွက်ဆိုတာကို သိချင်တဲ့သူတွေအတွက် ပြောပြပေးပါမယ်။ လက်ကောက်တို့၊ ဆွဲကြိုးတို့လုပ်တဲ့အခါ ရွှေတုံးကို အရည်ကျိုရပါတယ်။ ပြီးရင် လိုအပ်တဲ့ပုံစံရအောင် နန်းကြိတ်ရပါတယ်။ အပြားအလုံး လိုအပ်သလိုပေါ့။ ပြီးရင်လိုချင်တဲ့ပုံစံ အရွယ်ရအောင် ဖြတ်တောက်ရပါတယ်။
နောက်ဆုံးအဆင့် ဂဟေဆော်ပြီးရင် အချောကိုင်၊ အရောင်တင်ရပါတယ်။ လုပ်ရတဲ့ လုပ်ငန်းစဉ်အဆင့်တိုင်းမှာ ရွှေအမှုန်အမွှားတွေ အလေအလွင့်ရှိပါတယ်။ အဲဒီအလေအလွင့်ကို အလျော့တွက်လို့ ခေါ်ပါတယ်။ အဲ့ဒါကြောင်
ရွှေထည်ပစ္စည်းဝယ်တဲ့အခါ အလျော့တွက်ပေးရတာပါ။ ရွှေတုံးဝယ်ရင် အလျှော့တွက်ပေးစရာမလိုပါဘူး။
လေပတ်ကားဆိုတာကတော့ ရောက်မယ့်ပစ္စည်းချေဖို့ ငွေမရှိဘဲနဲ့ အရောင်းအ၀ယ်လုပ်ထားကြပြီး အဲဒီနေ့ပေါက်ဈေးနဲ့အရှုံးအမြတ်ရှင်းကြတာကို ခေါ်တာပါ။
(မှတ်ချက်။ Myanmar Banking & Finance မဂ္ဂဇင်းအတွဲ(၁)၊ အမှတ် (၈) (၉) (၁၀)တို့မှ ကောက်နှုတ် ဖော်ပြပါသည်။)
No comments:
Post a Comment