မိန်းကလေးတွေက ချစ်သူအပေါ်
အရမ်းချစ်မိလာရင် အနိုင်လိုယူလိုစိတ်နဲ့
နွဲ့ဆိုး ဆိုးတတ်ကြတယ်
ယောက်ျားလေးတွေက ချစ်သူအပေါ်
အရမ်းချစ်မိရင် တစ်ခုခုဆို
ပေါက်ကွဲတာ မြန်ဆန်တတ်ကြတယ်
မိန်းကလေးတွေက စိတ်ဆိုးစိတ်ကောက်
လွယ်ကူကြပေမယ့် ချစ်သူဆီက
ချော့လာမယ့်ချိန်လေးကို မျှော်နေကြတာပါ
ယောက်ျားလေးတွေက ပေါက်ကွဲလွယ်ကူကြပေမယ့်
ချစ်သူအပေါ် ပြီးရင်စိုးရိမ်စိတ်တွေနဲ့
ခြောက်လှန့်ခံနေရတာပါ
တကယ်တော့ ယောက်ျားလေးမှာရော
မိန်းကလေးမှာပါ ချစ်သူရဲ့ ဂရုစိုက်မှုကို
လုကြရင်း နားလည်မှုလွဲနေတာပါ
ငါနင့်ကို ချစ်လို့ပါ ဆိုတာကိုပေါ့
Credit to ယောက်ျားတစ်ယောက်၏ အတွေး
No comments:
Post a Comment