ဝမ်းနည်းဖွယ်ကောင်းလို့ ပြန်လည်မျှဝေလိုက်ပါတယ်
ဗိုလ်ကြီးအောင်ကျော်မြင့် ကောင်းရာသုဂတိလားပါစေ။
" ဖခင်တစ်ယောက်ရဲ့...စာ "
သား.......
သိမ်နုတ်သွေ့ခြောက်
ဂုဏ်မမြောက်ပေမဲ့
အဖေနဲ့ အမေ့အိမ်ဟာ သားအတွက် နွေးထွေးပါတယ် သားရယ်။
သားလေး........
Junction 8 ဗုံးကွဲတဲ့ထဲမှာ မင်းအစ်ကိုပါသွားပြီး အခုမင်းကို ထပ်ဆုံးရှုံးခဲ့ရပြန်ပြီ။
မင်းအမေငိုနေတယ်သား....
အဖေ မချော့တော့ဘူး....
ငိုပါစေသားရေ.....
သားနှစ်ယောက်စလုံး ဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက်အနေနဲ့
မင်းအမေ ငိုပါစေ......။
ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနား မရေးနိုင်ပေမဲ့
အဖေနဲ့ အမေ့မေတ္တာဟာ
ကျောက်သင်ပုံးပေါ်က မြေဖြူစာသားတွေထက် ပိုပြီးဖြူစင်ပါတယ်သား။
အဖေတို့မှာ ဂုဏ်တွေ၊ ငွေတွေမရှိလို့
သား အားငယ်နေလား....
အားမငယ်နဲ့သား.....
ဟိုမှာ.....
မင်းရဲဘော်ရဲဘက်တွေလာနေပြီလေ....
မင်းရဲ့ ဆွေတွေမျိုးတွေထက် မင်းကိုပိုချစ်တဲ့ မင်းရဲဘော်တွေ
လာနေပြီ.....သားရေ.....။
သားရယ်....
စစ်သား စစ်တိုက်ရင်းသေတာ မဆန်းဘူးဆိုတာ
အဖေသိပါရဲ့.....
ဒါပေမဲ့...စောလွန်းတယ် သားရယ်.....။
အဖေ မငိုပါဘူးကွာ...
အဖေငိုရင် မင်းအမေပိုပြီး စိတ်ထိခိုက်မှာစိုးလို့
အဖေမငိုပါဘူး.....။
သားရယ်.....
ရင်ထဲကို ထွင်းဖေါက်ကြည့်မှတော့
အဖေတိတ်တိတ်ကလေးငိုနေတာ
သား တွေ့တော့မပေါ့....။
အဖေငိုပါရစေသား...
ဘယ်သူ့မှ မပြောပါနဲ့.....
မင်းအမေမသိစေနဲ့............
သားတစ်ယောက်ပဲ သိပါစေ.......
မပြောနဲ့သား....
မပြောပါနဲ့သားရယ်......
ယောက်ျားရင့်မကြီးတစ်ယောက်ဟာ
သူ့ရဲ့ တစ်ဦးတည်းသော ကျန်ရစ်တဲ့သားအတွက်
မငိုရဘူးတဲ့လား.....။
သားရယ်......
အားရအောင်တောင် မချစ်လိုက်ရခင်မှာ
သားလေး
တိုင်းပြည်အတွက် အသက်စွန့်လိုက်ရပြီ.....။
ငိုခွင့်ပြုပါသား...
မင်းအမေမသိစေရပါဘူး.....
အဖေ့ရင်ထဲမှာ......
မင်းကိုထိတဲ့ ဗုံးဆံတွေ ကျည်ဆန်တွေ ပလူပျံလာသလို
မီးစကြီးနဲ့ ထိုးထားသလို
ပူလောင်လှချည်ရဲ့သားရယ်.....။
ငွေကြေး ဓန ဆင်းရဲပေမဲ့
မေတ္တာမမွဲပါဘူးသားရယ်.....
သားလေး
နောက်တစ်ခါ ပြန်လာခဲ့နော်...။
သားရဲ့ မြင့်မြတ်တဲ့ ခရီးကို
သားရဲဘော်တွေ လိုက်ပို့ကြလိမ့်မယ်....။
ပြန်လာခဲ့ပါသား........
မဟာသမုဒ္ဒရာရေ မခမ်းခြောက်သ၍
အဖေနဲ့ အမေ မင်းကိုမျှော်နေမယ်....................။
သားကိုအရမ်းချစ်တဲ့
အဖေ......
ဦးထွန်းလွင်
အမှတ် - ၂၈ ဘုရားလေးကျောင်းလမ်း၊
အောင်ဆန်းရပ်ကွက်၊ အင်းစိန်။
ဖုန်း - ၀၉၇၉၉၇၇၆၅၀၆
၀၉၂၆၁၁၅၃၂၇၁
Oppositeye myanmar
No comments:
Post a Comment