" သူငယ်ပြန်ရောဂါ ယေဘူယျ လက္ခဏာ "
ရေတို မှတ်ဉာဏ် မကောင်း တော့ခြင်း (ဥပမာ - ရှေး ပဝေသဏီက အကြောင်းအရာတွေကို မှတ်မိပြီး ဒီနေ့ မနက်စာ ဘာစားသလဲ မမှတ်မိ တာမျိုး)
အချိန်နဲ့ ပတ်ဝန်းကျင်ကို သတိမရှိတော့ပဲ မှားယွင်းကုန်ခြင်း (ဥပမာ - ညကြီး သန်းခေါင် အိပ်ရာက နိုးပြီး နေ့ည မှားကာ အပြင်ထွက်ဖို့ ပြင်ဆင်တာမျိုး)
လွယ်ကူသော ဆုံးဖြတ်ချက်များကိုပင် မချနိုင်တော့ခြင်း (ဥပမာ - အ၀တ်အစား ရွေးချယ်ရာမှာတောင် ခက်ခဲလာပြီး သူများက ကူနေရတာမျိုး)
အမှန်းအဆ လွဲချော် မှားယွင်းမှု များလာခြင်း (ဥပမာ - ကားလမ်းကူးရာမှာ မလွတ်နိုင်တာကို လွတ်မယ်လို့ ယုံကြည်ပြီး ကူးတာမျိုး)
စကားလုံး ရှာမရပဲ စကားစများ ပြတ်တောက်ကုန်ခြင်း (ဥပမာ - ပြောချင်တာ သိလျက်နဲ့ လျှာဖျားမှာ ထစ်နေသလိုမျိုး ခဏခဏ ဖြစ်တာ ရှက်လာလို့ နောက်ဆုံး လူအများစကားဝိုင်းဆို ရှောင်လာတာမျိုး)
နေ့စဉ် လုပ်နေကျ လွယ်ကူနေကျ ကိစ္စများကို မလုပ်တတ်တော့ပဲ ခက်ခဲလာခြင်း (ဥပမာ - ဟင်းချက် နေကျလူက ဟင်းချက်တဲ့ အဆင့် အထာတွေ လွဲချော်ကုန်တာမျိုး)
လူရည် လူသွေးနဲ့ အမူအကျင့် ပြောင်းလာခြင်း (ဥပမာ - အရင်က သိပ်အေးဆေးတဲ့လူက ဒေါသကြီး ဆဲဆို လာတာမျိုး)
Ye Htet
No comments:
Post a Comment