လူတွေရဲ့ မျက်နှာတွေထက်
သူတို့ရဲ့ နှလုံးသားကို
မြင်အောင် ကြည့်နိုင်တဲ့အခါ
ဘဝဟာ ပိုပြီး ကြည်လင်လာပါလိမ့်မယ်။
လူတွေရဲ့ စကားလုံး ကတိတွေထက်
သူတို့ရဲ့ အပြုအမူတွေကို
မြင်အောင် ကြည့်နိုင်တဲ့အခါ
ဘဝဟာ ပိုပြီး ရှင်းလင်းလာပါလိမ့်မယ်။
လူတွေရဲ့ အတိတ်အမှားတွေထက်
သူတို့ရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ခြေလှမ်းကို
မြင်အောင် ကြည့်နိုင်တဲ့အခါ
ဘဝဟာ ပိုပြီး နေပျော်လာပါလိမ့်မယ်။
လူတွေရဲ့ မကောင်းတဲ့သတင်းတွေထက်
သူတို့ရဲ့ ကောင်းမွန်တဲ့ အချက်အလက်လေးတွေကို
မြင်အောင် ကြည့်နိုင်တဲ့အခါ
ဘဝဟာ ပိုပြီး လှပလာပါလိမ့်မယ်။
ငြိမ်းလဲ့
Tuesday, February 10, 2015
လူတွေရဲ့ မျက်နှာတွေထက် သူတို့ရဲ့ နှလုံးသားကို မြင်အောင် ကြည့်
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment