Monday, March 9, 2015

" မကြာခင်ရောင်းချတော့မည့် Apple စမတ်နာရီအကြောင်း သိသင့်သမျှ "

" မကြာခင်ရောင်းချတော့မည့် Apple စမတ်နာရီအကြောင်း သိသင့်သမျှ  "

ကမ္ဘာကျော် စမတ်ဖုန်းကုမ္ပဏီ Apple က ပထမဆုံး မျိုးဆက်သစ် စမတ်နာရီကို ၂၄ နာရီအတွင်းမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲကို အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်မှာ ပြုလုပ်မှာ ဖြစ်ပြီး တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။ တကယ်တော့ Apple နာရီကို iPhone 6 နဲ့ 6 plus မိတ်ဆက်ပွဲမှာကတည်းက စတင်မိတ်ဆက်ပေးခဲ့ တာဖြစ်ပါတယ်။ ဒီနေ့ည ပြုလုပ်မယ့် မိတ်ဆက်ပွဲ ပြီးသွားရင်တော့ Apple စမတ်နာရီတွေဟာ ဈေးကွက်ထဲကို ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။

ဒီတော့ သင်လည်း မိတ်ဆက်ပွဲမလုပ်ခင်မှာ Apple စမတ်နာရီအကြောင်း သိထားသင့်တာပေါ့။ သင်သိထားသင့်တဲ့ အချက်တွေကတော့ ဒီမှာပါ။

၁။ Apple စမတ်နာရီကို မော်ဒယ်သုံးမျိုးနဲ့ ရနိုင်မှာဖြစ်ပါတယ်။ Apple watch၊ Apple watch Sport နဲ့ Apple watch Edition ဆိုပြီး ပုံစံသုံးမျိုးနဲ့ ရနိုင်မှာဖြစ်ပါတယ်။ Edition ကတော့ ဈေးအမြင့်ဆုံး ဖြစ်လာ မှာပါ။

၂။ Apple watch ကို သံမဏိနဲ့ ပြုလုပ်ထားပြီး၊ Sport အမျိုးအစားကိုတော့ အလူမီနီယံနဲ့ ပြုလုပ် ထားပါတယ်။ Edition အမျိုးအစားကတော့ ၁၈ ကာရက်ရှိတဲ့ ရွှေနဲ့ထုတ်လုပ်မှာဖြစ်ပါတယ်။ ရိုးရိုး Apple watch နဲ့ Editon အမျိုးအစား မျက်နှာပြင်ကို နီလာကျောက်နဲ့ ထုတ်လုပ်မှာဖြစ်ပြီး Sport Type ကိုတော့ မာကျောလှတဲ့ ဖန်သားပြင်နဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

၃။ နာရီတိုင်းမှာ အသုံးပြုနိုင်မယ့် ခလုပ် ၂ ခုသာ ပါမှာဖြစ်ပြီး ကျန်တာကိုတော့ touch နဲ့ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

၎။ ဘယ်မော်ဒယ် အမျိုးအစားပဲ ဖြစ်ဖြစ် အရွယ်အစား နှစ်မျိုးနဲ့ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ ၁.၅ လက်မ မျက်နှာပြင်ကျယ်တဲ့ အရွယ်အစားနဲ့ ၁.၇ မျက်နှာပြင်ကျယ်တဲ့ အရွယ်အစား ဆိုပြီး နှစ်မျိုး ထွက်လာမှာ ဖြစ်ပါတယ်။

၅။ Apple watch တွေဟာ အင်တာနက် အသုံးပြုဖို့ iPhone တစ်လုံးတော့ လိုအပ်မှာ ဖြစ်ပါတယ်။ iPhone5 ထက်မော်ဒယ်နိမ့်ရင်တော့ ချိတ်ဆက်နိုင်မှာ မဟုတ်ပါဘူး။ ios 8 ကို iPhone 5 မော်ဒယ် အထိပဲ မြှင့်တင်နိုင်လို့ ဖြစ်ပါတယ်။ Bluetooth နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၆။ တန်ဖိုးအနည်းဆုံး Apple စမတ်နာရီရဲ့ တန်ဖိုး ဟာ အမေရိကန်ဒေါ်လာ ၃၄၉ က စတင်မှာ ဖြစ်ပါတယ်။ မော်ဒယ်တစ်မျိုးခြင်းစီရဲ့ ဈေးနှုန်းကတော့ မိတ်ဆက်ပွဲမှာပဲ သိနိုင်မှာ ဖြစ်ပါတယ်။ Apple watch တွေ အားလုံးဟာ တန်ဖိုးနည်း ဈေးနှုန်းနဲ့ ထွက်လာဖို့ မလွယ်ပါဘူး။

၇။ Apple စမတ်နာရီ မော်ဒယ်အားလုံးကို အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ရိုးရိုး Apple watch အတွက် ပုံမန်သံမဏိရောင်နဲ့ အနက်ရောင်သံမဏိ ဆိုပြီး အရောင် နှစ်မျိုးထွက်လာမှာပါ။ Sport type အတွက်တော့ ငွေရောင်နဲ့ မီးခိုးရောင် ထွက်လာမှာဖြစ်ပါတယ်။ Ediotion အမျိုးအစားကတော့ ၁၈ ကာရက်ရွှေပါဝင်တဲ့ ရွှေဝါရောင် နဲ့ ရွှေနီရောင်ဆိုပြီး နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။

၉။ ကျန်းမာရေးအတွက်လည်း ဒီစမတ်နာရီကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားနိုင်မှာ ဖြစ်ပါတယ်။ iPhone မှာပါဝင်တဲ့ ခြေလှမ်း လှမ်းတာကို ရေတွက်ပေးတဲ့ စနစ်လည်း ဒီနာရီမှာ ပါလာမှာ ဖြစ်ပါတယ်။ GPS တော့ ပါမှာ မဟုတ်ပါဘူး။ ဒါကတော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။

၁၀။ တခြား Apple စမတ်နာရီပိုင်ရှင်နဲ့အတူ နှလုံးခုန်နှုန်း စတဲ့ ကျန်းမာရေး အချက်အလက်တွေကို ဝေမျှ နိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်တွေကတော့ Apple watch ကို တရားဝင်မိတ်မဆက်ခင် သိထားသမျှ အချက်အလက်တွေ ဖြစ်ပါတယ်။ မသိသေးတာတွေလည်း အများကြီး ရှိနေပါတယ်။ ရောင်းချမယ့် ရက်အတိအကျကို မသိရသေးပါဘူး။ အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ နာရီမှာပါတဲ့ ဘက်ထရီက အချိန်ဘယ်လောက် သုံးနိုင်မယ် ဆိုတာလည်း မသိရသေးပါဘူး။

http://www.planet.com.mm
ကိုမျိုး(သုတစွယ်စုံ)


No comments:

Post a Comment