"တစ်နေ့အကြိမ် ၅၀ အိပ်ပျော်လို့ ဒုက္ခရောက်နေသူ"
အိပ်မပျော်သူတွေအတွက် အိပ်စက်ခြင်းဆိုတာ တောင့်တချင်စရာ ဖြစ်ပေမယ့် ဂျက်ကီလွိုက်ကတော့ အိပ်ပျော်မှာကို တွေးကြောက်နေရှာပါတယ်။ လွိုက်ဟာ မကြာခဏ အိပ်ပျော်သွားတတ်တဲ့ narcolepsy ရောဂါခံစားနေရပြီး တစ်နေ့ကို
အကြိမ် ၅၀ အထိ အိပ်ပျော်သွားတတ်လို့ စားဖိုမှူးအလုပ် ပြုတ်ခဲ့ပါတယ်။ narcolepsy ရောဂါဆိုတာ
အာရုံကြော ကစဥ့်ကလျားဖြစ်ပြီး ဦးနှောက်က အိပ်ချိန် နိုးချိန်စက်ဝန်း ပုံမှန်အလုပ်လုပ်အောင် မထိန်းချုပ် ပေးနိုင်လို့ ခဏခဏ အိပ်ပျော်သွား တတ်ပါတယ်။
The Morning သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုတွင် ''ကုသနည်းတွေလည်း စုံနေပါပြီ။ ခဏခဏ အိပ်မပျော်အောင် ဆေးနည်းမျိုးစုံနဲ့ ကုခဲ့ပါတယ်။ ကျွန်မဟာ သာမန်လူတစ်ယောက်ရဲ့ဘဝမျိုး ပိုင်ဆိုင်ခွင့် မရခဲ့ပါဘူး'' လို့ ဂျက်ကီလွိုက်က ပြောပါတယ်။ ဒီစကားပြောတဲ့အချိန်မှာ ဂျက်ကီလွိုက်တစ်ယောက် ဝမ်းနည်းပက်လက် ငိုနေရှာပါတယ်။ ဂျက်ကီလွိုက်ရဲ့ အိပ်ချိန်က တစ်ရက် ၁၉ နာရီအထိ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂျက်ကီလွိုက်ဟာ ဝမ်းနည်းတာ ဝမ်းသာတာ ဒေါသထွက်တာ စိတ်ပူပန်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေနဲ့ ကြုံရတဲ့အခါ ကြွက်သား အလုပ်လုပ်မှု ရပ်တန့်သွားပြီး ပုံလျက်သားလဲကျ အိပ်ပျော်သွားတဲ့ ရောဂါ (Catalepsy) ခံစားနေရပါတယ်။ ဂျက်ကီလွိုက်ရဲ့ အခြေအနေက ဘေးမှာအဖော် တစ်ယောက်မရှိရင် အန္တရာယ် ကြုံရမယ့်ကိန်း ရှိနေလို့
ခင်ပွန်းဖြစ်သူက အလုပ်ထွက်ပြီး သူမကို အချိန်ပြည့်စောင့်ရှောက် နေရပါတယ်။
Ref: Mirror
Nz ရိုးရာလေး
No comments:
Post a Comment