“ ဥပေက္ခာမပါရင်”
မေတ္တာထားရာ မေတ္တာပွားရာမှာ
ဥပေက္ခာမပါရင် မေတ္တာဟာ
ရာဂဘက် အစွန်းရောက်သွားတတ်ပါတယ်။
ကရုဏာထားရာ ကရုဏာပွားရာမှာ
ဥပေက္ခာမပါရင် ကရုဏာဟာ
ဒေါသဘက် အစွန်းရောက်သွားတတ်ပါတယ်။
မုဒိတာထားရာ မုဒိတာပွားရာမှာ
ဥပေက္ခာမပါရင် မုဒိတာဟာ
မာနဘက် အစွန်းရောက်သွားတတ်ပါတယ်။
အစွန်းရောက်သွားတဲ့ မေတ္တာ၊ ကရုဏာ ၊မုဒိတာက
ကာယကံရှင်ကို ငြိမ်းအေးချမ်းမှုတွေမပေးဘဲ
စိုးရိမ်ပူပန်မှု သောက၊ ၀မ်းနည်းပူဆွေးငိုကြွေးမှု ပရိဒေဝ၊ ကိုယ်ဆင်းရဲမှု ဒုက္ခ၊
စိတ်ဆင်းရဲမှု ဒေါမနဿ၊
အပြင်းအထန်ပူပင်မှု ဥပယာသတွေပဲ ပေးပါလိမ့်မယ်။
{ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)}
No comments:
Post a Comment