Tuesday, March 10, 2015

ငွေကြေးဓန မကြွယ်ဝချင်နေပါစေ။ တိုးတက်ချင်စိတ်နဲ့ ကြိုးစားမှုလေးတော့

ငွေကြေးဓန မကြွယ်ဝချင်နေပါစေ။
တိုးတက်ချင်စိတ်နဲ့ ကြိုးစားမှုလေးတော့
ရှိဖို့လိုအပ်ပါတယ်။

ချစ်သူမရှိချင်နေပါစေ။
ချစ်တတ်တဲ့နှလုံးသားနဲ့ ကြင်နာမှုလေး ရှိဖို့တော့ လိုအပ်ပါတယ်။

ချစ်သူနဲ့ အတူမနေရရင် နေပါစေ။
အချင်းချင်း သစ္စာရှိဖို့တော့ လိုအပ်ပါတယ်။

တခြားသူက မိမိကို မုန်းချင်မုန်းပါစေ။
မိမိကပါ တခြားသူကို ပြန်ပြီး မမုန်းလိုက်ဖို့ လိုအပ်ပါတယ်။

တခြားသူကို အကြောင်းတခုခုကြောင့်
မုန်းချင် မုန်းနိုင်ပါတယ်။
ဒါပေမဲ့အငြိုးထားပြီး လက်စားမချေဖို့တော့
လိုအပ်ပါတယ်။

အားကိုးစရာ အမေ မရှိလည်းနေပါစေ။
အမေရဲ့ ကောင်းမွန်တဲ့ဆန္ဒလေးတွေ ဖြည့်ဆည်းပေးဖို့တော့ လိုအပ်ပါတယ်။

လောကကြီးကို
အလှမဆင်နိုင်ရင် နေပါစေ။
လောကရဲ့ အလှတရားကို မဖျက်ဆီးဖို့တော့ လိုအပ်ပါတယ်။

တစ်ပါးသူကို မကူညီနိုင်ရင် နေပါစေ။
မနှောက်ယှက်မိဖို့တော့ လိုအပ်တယ်။

ငြိမ်းလဲ့။
photo-maharsanthu


No comments:

Post a Comment