Tuesday, March 10, 2015

" ဒန့်သလွန်သီး၏ ဆေးဘက်ဝင် အာနိသင်များ "

" ဒန့်သလွန်သီး၏ ဆေးဘက်ဝင် အာနိသင်များ "

ဒန့်သလွန်သီးကတော့ ဟင်းချက်ရာတွင် ထည့်ချက်လေ့ရှိတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းအသီးဟာ တန်ဖိုးရှိလှတဲ့ ကျန်းမာရေး အာနိသင်တွေကို ပေးစွမ်းပါတယ်။

ဒန့်သလွန်သီးဟာ အပူနာများအတွက် ကောင်းမွန်စေပြီး မျက်စိအတွက်လည်း မှီဝဲပေးသင့်ပါတယ်။ ဒါ့အပြင် ဒန့်သလွန်သီးဟာ ကလေးငယ်များကို သံကောင် တုပ်ကောင်းများ ကင်းရှင်းစေနိုင်ပါတယ်။ ဟင်းချက်ရာတွင် ထည့်ချက်ပြီး ကျွေးနိုင်ပါတယ်။

ဒန့်သလွန်စေ့ကို အမှုန့်ပြုလုပ်ပြီး နားအတွင်းသို့ ထည့်ပေးပါက နားကိုက်ခြင်း နားပြည်ယိုခြင်းများအတွက် အထူးပင် ကောင်းမွန်စေပါတယ်။ အစေးကလည်း အစွမ်းထက် အာနိသင်ပါရှိပါတယ်။ ထိုအစေးကို ပါးစပ်တွင် ငုံပေးခြင်းအားဖြင့် သွားပုပ်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

ဒါ့အပြင် အပွင့်ကလည်း အသုံးဝင်လှပါတယ်။ သလိပ်ရောဂါ၊ လေဖောက်ပြန်သောရောဂါများနှင့် ဖောရောင်ခြင်း၊ အဖျဉ်းကြီးခြင်းအတွက် ကောင်းမွန်လှပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ



lutawlupyaw

No comments:

Post a Comment