" အစကပြန်စကြစို့ "
တခါတုန်းက မင်းတုန်းမင်းနဲ့ ပြင်သစ်သမ္မတတို့ တွေ့ဆုံပွဲ လုပ်ကြပါသတဲ့။
ပြင်သစ်သမ္မတကလဲ မြန်မာပြည်ကို ကြည့်ပြီး အထင်သေးစွာနဲ့ သူတို့နိုင်ငံမှာ
ဘယ်လို တိုးတက်နေကြောင်း ကြွားတဲ့အခါ မင်းတုန်းမင်းကြီးလဲ ခေါင်းငုံနေရပါရောလား။
နောက် ယောက်ျားတွေဆိုတော့ သိတဲ့အတိုင်းပဲ ပြောတဲ့စကားတွေက မိန်းမကိစ္စရောက်သွားတာပေါ့။
ပြင်သစ်သမ္မတက သူက တစ်နေ့ကို မောင်းမ ၁၀ ယောက်နဲ့ ပုံမှန်နေကြောင်း ကာမာအစွမ်း အလွန်ကြီးကြောင်း ပြောပါသတဲ့။
ထိုအခါ မင်းတုန်းမင်းက အားကျမခံ သူက တနေ့ အယောက်၂၀ ခန့်နဲ့ နေကြောင်း
ပြန်ပြောပါသတဲ့။ ထိုအခါ ပြင်သစ်သမ္မတက မယုံသလို မျက်နှာပေးနဲ့ ဒီလောက်အစွမ်းကြီးနေအောင် ဘာတွေများစားသလဲ မယုံနိုင်လောက်အောင်ပါပဲလို ပြောတယ်တဲ့။
ထိုအခါ မင်းတုန်းမင်းကြီးက စာကလေး အသဲအမြစ်စားကြောင်း ထို့ကြောင့် ထိုလောက်နေနိုင်နေတာဖြစ်ကြောင်း ပြောပါတယ်။
ပြင်သစ်သမ္မတကလဲ မယုံတာနဲ့ မင်းတုန်းမင်းကြီးကို စိန်ခေါ်ပါတယ် တနေ့တည်း သူ မောင်းမ ၂၅ ယောက်နဲ့ နေပြမယ် နိုင်ရင် ဘာပေးမလဲ မေးတဲ့အခါ....
မင်းတုန်းမင်းကြီးက ဘာမှ ပေးစရာမလိုပါဘူး သူဆို အယောက် ၅၀ လောက်အထိ ဆက်တိုက် နေနိုင်ကြောင်း ပြောတဲ့အခါ ပြင်သစ်သမ္မတကလဲ အမြင်ကပ်တာနဲ့ ဒါဆို သူတို့ ပြင်သစ်ပြည်ကိုလာပါ
မိန်းမ အယောက် ၅၀ နဲ့ အိပ်ပြပါ အကယ်၍ အိပ်နိုင်ခဲ့လျှင် ပြင်သစ်မှာရှိတဲ့ မိန်းမတွေထဲက ကြိုက်တဲ့ မိန်းကလေး အယောက် ၅၀ ခေါ်သွားပါ အကယ်၍ မအိပ်နိုင်ခဲ့လျှင် မြန်မာမိန်းကလေး အယောက် ၅၀ သူပြန်ယူမယ်လို့ ပြောတဲ့အခါ မင်းတုန်းမင်းကြီးက ကတိတည်ပါစေ ကျွန်ုပ် နောက်လ လာခဲ့ပါ့မယ်လို့ ဆိုသတဲ့။
ဒီလိုနဲ့ နောက်လရောက်တဲ့ အခါကျတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကွင်းပြင်ကြီးမှာ တဲကြီးထိုးပြီး မိန်းမ ၅၀ က အပြင်မှာတန်းစီနေပါသတဲ့။ ဘေးမှာတော့ ဂျူရီလူကြီးမင်းများနဲ့တကွ
မြန်မာပြည်မှ တာဝန်ရှိသူတချို့က ဒိုင်အဖြစ် လုပ်ဆောင်ပေးနေပါတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်နဲ့ မင်းတုန်းမင်းကြီးက ကာမ ဆံဆက်ပါသတဲ့။
ဒီလိုနဲ့ ၂၅ ယောက်မြောက်မှာ ဒိုင်လူကြီးတွေ လူရေတွက်တာမှားလို့ ငြင်းခုန်နေကြပါတယ်။ ထိုအခါ မင်းတုန်းမင်းကြီးက တဘက်လေးပတ်လာပြီး ဒေါနဲ့မောနဲ့ ထွက်လာပါတယ်။
ဘာဖြစ်တာလဲ ဒီမှာ အရှိန်ပျက်တယ်လို့ပြောတော့
ဒိုင်လူကြီးတွေက ရိုရိုကျိုးကျိုးနဲ့ပြောပါတယ် ကျွန်တော်မျိုးတို့ လူရေတာ မှားသွားလို့ပါ ဘုရား။ ခွင့်လွှတ်ပါ ဘုရားလို့ ပြောတဲ့အခါမှာ.........
မင်းတုန်းမင်းကြီးက မိန့်တော်မူလိုက်ပါသတဲ့
"တစ်ကပြန်စမယ် ဒီတခါ
မမှားစေနဲ့.............." တဲ့လေ။
Credit: ဟာသမင်းသား
lutawlupyaw
No comments:
Post a Comment