"ကိုယ့်ချစ်သူအပေါ် တကယ်ကောင်းတဲ့ ယောင်္ကျားတွေဟာ ဒီအချက် ( ၇) ချက်ကို ဘယ်တော့မှာ ပြုလုပ်လေ့မရှိတာ"
ခုပြောပြမယ့် အကြောင်းဟာ ယောင်္ကျားကောင်းတွေအကြောင်း ဆိုတာထက် ကိုယ့်ချစ်သူမိန်းကလေးအပေါ် တကယ်ချစ်၊ တကယ်ကောင်းတဲ့သူတွေအကြောင်းလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ သူတို့တွေ ပြုမူလုပ်ဆောင်လိုက်တဲ့ အရာတွေကြောင့် သူတို့ရဲ့ ချစ်သူကောင်မလေးဟာ အကြပ်ရိုက်သွားတာမျိုး မရှိတတ်သလို အချစ်ရေးကိုလည်း ပိုမိုခိုင်မြဲအောင် ထိန်းထားနိုင်ကြတာ တွေ့ရပါတယ်။
၁။ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူရဲ့ အသွင်အပြင်နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာမျိုး မလုပ်ပါဘူး။
မင်းဆံပင်သာ ဒီ့ထက်ရှည်မယ်ဆိုရင် သိပ်ကောင်းမှာပဲ တို့၊ ဒီ့ထက်ပိန်မှ ချစ်မှာနော် တို့ စသဖြင့် ကိုယ့်ချစ်သူကောင်မလေးရဲ့ အားနည်းချက်တစ်ခုခုကို ထောက်ပြပြောဆိုလေ့ရှိတဲ့သူတွေဟာ ယောင်္ကျားကောင်း မဟုတ်ပါဘူး။ အထူးသဖြင့် ချစ်သူကောင်းမဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် သူနဲ့ပတ်သက်သမျှ အရာရာတိုင်းကို လက်ခံနားလည်ပေးနိုင်တဲ့သူသာ ကောင်းမွန်သင့်တော်တဲ့ ချစ်သူပါ။
၂။ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူရဲ့ privacy ကို မချိုးဖောက်တတ်ပါဘူး။
သင်တို့နှစ်ဦးမှာ ခိုင်မြဲတဲ့အချစ်ရေး ဘယ်လောက်ရှိရှိ သင့်ချစ်သူဟာ သင်မရှိတဲ့အချိန် သင့်ဖေ့စ်ဘွတ်ခ်အကောင့်ကို ၀င်စစ်တာမျိုး၊ အီးမေးလ်ကို ၀င်ကြည့်တာမျိုးတွေ ဘယ်တော့မှ မလုပ်တတ်ပါဘူး။ နှစ်ယောက်သား အတူတူသုံးတယ်ဆိုတာကတော့ တစ်မျိုးပါ။ ဒါက ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က သင့်ဖုန်းခေါ်ဆိုမှု ဘယ်လိုဆိုတာမျိုးကိုလည်း သင့်ဖုန်းကောက်ယူ စစ်ဆေးတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။
၃။ယောင်္ကျားကောင်း တစ်ယောက်ဟာ သူ့ချစ်သူရဲ့ အရည်အချင်းကို ဂုဏ်ယူတယ်၊ အရည်အချင်း တိုးတက်အောင်လည်း အဘက်ဘက် ပံ့ပိုးပေးတယ်။
သင်ဟာ သင့်ချစ်သူနဲ့အတူ လက်တွဲဖြတ်သန်းပြီးတဲ့နောက်ပိုင်း သင့်ရည်မှန်းချက်၊ သင်ဖြစ်ချင်တာတွေကို အကောင်အထည် ဖော်လာနိုင်ပြီလား။ သင့်အဖြေက ရက်စ်ဆိုရင်တော့ သင့်ချစ်သူဟာ သင့်အတွက် တကယ်ကိုသင့်တော်တဲ့ သူပါ။ သူဟာ သင့်ဖြစ်ချင်တာတွေ လုပ်နိုင်ဖို့ ပံ့ပိုးပေးနိုင်မယ်။ ဒီလိုမဟုတ်ရင်တောင် စိတ်ဓာတ်ခွန်အား ပေးနိုင်မယ်။ သင်အောင်မြင်လာတာကို ပျော်ရွှင်မယ်၊ ဂုဏ်ယူမယ်ဆိုရင် သင်ဟာ ချစ်သူကောင်း တစ်ယောက်ကို ရရှိထားတာလို့ မှတ်ပါ။
၎။ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူကို ဒီအချစ်ရေးမှာ အထီးကျန်တယ်လို့ ခံစားရအောင် မလုပ်ဘူး။
အချစ်ရေးဆိုတာ နှစ်ဦးနှစ်ဖက် ဖြစ်တည်ရစ်ဖွဲ့လာတဲ့ သံယောဇဉ်ကြိုးကို အခြေတည်တာပါ။ အစပိုင်းက သဲသဲလှုပ်ပြနေပြီး တစ်ဖြည်းဖြည်းနဲ့ စိတ်မပါတော့သလို၊ ဒီအရေးက သူနဲ့မဆိုင်တော့သလို ပုံစံမျိုး ပြုမူနေတဲ့ချစ်သူဟာ ယောင်္ကျားကောင်း မဟုတ်ပါဘူး။ ကိစ္စတစ်ခုခုကို သူနဲ့မဆိုင်ဘူးဆိုပြီး ဘေးထွက်ရပ်တတ်တဲ့ ယောင်္ကျားမျိုးးဟာလည်း ယောင်္ကျားကောင်း မဟုတ်ဘူးဆိုတာ သိသာပါတယ်။
၅။ယောင်္ကျားကောင်းဟာ ကိုယ့်ချစ်သူအပေါ် ဘယ်တော့မှ မလိမ်ညာပါဘူး။
နှစ်ဦးသား ပြသနာတက်တာတွေ ရှိကောင်းရှိမယ်။ ဒါဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမယ့် ဒီလိုတက်တဲ့ပြသနာတွေဟာ သင့်အပေါ်မှာ သူအခါခါလိမ်ညာလို့ ဖြစ်ရတာမျိုးဆိုရင်တော့ သင့်ချစ်သူဟာ သင့်အပေါ်မှာ ကောင်းတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ လိမ်ညာတတ်တဲ့သူတွေဟာ ဒီအကျင့်ကို ပြင်ဖို့ခက်ပါတယ်။
၆။ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူအပေါ် လေးစားမှုအမြဲရှိပါတယ်။
လေးစားမှုရှိတယ်၊ မရှိဘူးဆိုတာ တွဲလာတဲ့နှစ်နဲ့ မဆိုင်ပါဘူး။ ဘယ်လောက်ပဲ အချိန်ကြာကြာ တွဲခဲ့တွဲခဲ့ ကိုယ့်ချစ်သူအပေါ် လေးစားမှုရှိမှသာ အချစ်ရေးဟာ ကြာရှည်အဆင်ပြေပါလိမ့်မယ်။ လူကြားထဲ ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်မယ်။ ချစ်သူကောင်မလေးရဲ့ နောက်ကွယ်မှာ သူ့မကောင်းကြောင်း သူငယ်ချင်းတွေနဲ့ ပြောလိုက်မယ်ဆိုတဲ့ ယောင်္ကျားမျိုးဟာ ဘယ်တော့မှ ယောင်္ကျားကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။
၇။ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူကို ဘယ်တော့မှ ညှင်းပမ်းနှိပ်စက်မှု မလုပ်ဘူး။
သင့်ချစ်သူဟာ သင့်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးတွေ လုပ်ဖူးတယ်ဆိုရင် သူဟာ ယောင်္ကျားကောင်းမဟုတ်ဘူးဆိုတာ သေချာပါပြီ။ ဒီ့ထက် သူဟာ သင့်အပေါ် ညှင်းပန်းနှိပ်စက်တာမျိုးတွေ အထပ်ထပ်အခါခါ ပြုမူနေပြီဆိုရင်တော့ ဒီလိုယောက်ျားမျိုးကို စွန့်ခွာဖို့သာ အကြံပေးချင်ပါတယ်။
Credit : Trend Myanmar
lutawlupyaw
No comments:
Post a Comment