Monday, March 2, 2015

" ဒီအချက် (၆) ချက် ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ဘယ်လိုမှ မငြင်းနိုင် "

" ဒီအချက် (၆) ချက် ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ဘယ်လိုမှ မငြင်းနိုင် "

အမျိုးသမီးတွေကို ဘယ်လိုစွဲဆောင်နိုင်အောင် လုပ်ရမယ်၊ ဘယ်လိုလွှမ်းမိုးနိုင်အောင် လုပ်ရမယ်ဆိုတာက အမျိုးသားတွေရဲ့ အိမ်မက်တစ်ခုလိုပါပဲ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတာပါ။ ဒီတော့ ဘယ်လိုနည်းလမ်းတွေက အမျိုးသမီးတစ်ယောက်ရဲ့ အသည်းနှလုံးကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။

(၁) ပင်ကိုယ်အစွမ်းအစတွေကို လျှိုမထားတတ်သူ

ဝါသနာအရ ဂီတာတီးတာ၊ ဟင်းချက်တတ်တာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ပေးရတာတွေကို ခုံမင်နှစ်သက်တဲ့ ယောက်ျားလေးတွေက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ မိန်းကလေးအရှေ့မှာ ကိုယ့်ရဲ့ပင်ကိုယ်ပါရမီအစွမ်းအစတွေကို ထုတ်ဖော်ပြဖို့ ဝန်မလေးပါနဲ့။ ဂီတာတီးသီချင်းဆိုပြတာ၊ ကိုယ်ကျွမ်းကျင်ရာ ဟင်းလျာတွေကို ချက်ကျွေးတာ ဒါမှမဟုတ်လဲ ကိုယ်တတ်ကျွမ်းတာ တစ်ခုခုလုပ်ပေးတာက ရှက်စရာမဟုတ်ပါဘူး။ မိန်းကလေးတွေက အရည်အချင်း အစွမ်းအစရှိတဲ့ ယောက်ျားလေးတွေကို ပိုပြီး စိတ်ဝင်စားတတ်ကြပါတယ်။

(၂) ဆင်ခြင် ချိန်ဆဥာဏ်ရှိသူ

မိန်းကလေးတွေတင် မကပါဘူး။ အမျိုးသမီးတိုင်းက လက်ဆောင်ပေးခံရခြင်းနဲ့  ဂရုပြုအာရုံစိုက်ခံရတာကို ကြိုက်ကြတာချည်းပါပဲ။ ဒီလိုဂရုတစိုက်နဲ့  ယုယမှုတွေပေးနေရင် သူတို့က ကျေနပ်နေတတ်ကြပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေပေးနေတာထက် အမှတ်တရဖြစ်စေမယ့် လက်ဆောင်ပစ္စည်းမျိုးတွေ ပေးပါ။ သူတို့ မကြိုက်နှစ်သက်တဲ့ ဘောလုံးပွဲတွေအကြောင်း ပြောမယ့်အစား “ကိုယ် ဒီနေ့ တနေကုန် မင်းကိုသတိရနေတာ” အစရှိတဲ့ သူတို့ကိုအလေးအနက်ထားတဲ့ စကားလုံးတွေက သူတို့ကို သာယာပျော်ရွင်စေနိုင်ပါတယ်။

(၃) ဟာသဥာဏ်ရှိသူ

ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးနဲ့  ဂိုက်ပေးကြမ်းတဲ့ ကောင်လေးတွေကို နှိုင်းယှဉ်ကြည့်ရင် ဟာသဥာဏ်ရွှင်တဲ့ ခပ်ပေါပေါနေတတ်တဲ့ ယောက်ျားလေးတွေကို မိန်းကလေးတွေကပိုပြီး သဘောကျကြပါတယ်။ မိန်းကလေး တစ်ယောက် စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲနေချိန်တွေမှာ ပျော်ရွင်ရယ်မောနိုင်အောင် ဟာသတွေပြောပေး၊ လုပ်ပေးနိုင်ရင် သူတို့က ကိုယ့်ပေါ်ကိုပိုပြီး အားကိုးချင်စိတ်တွေ ရှိလာမှာပါ။

(၄) သဘာဝကျကျ ပြုံးတတ်သူ

အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေကိုက အဓိကမကျပါဘူး။ ဆွဲဆောင်မှုကောင်းတဲ့ သဘာဝကျကျနဲ့ ဟန်ဆောင်မှုကင်းမဲ့တဲ့ အပြုံးမျိုးကို မိန်းကလေးတွေက နှစ်သက်ကြပါတယ်။ ပြုံးပြခြင်းက ပျော်ပျော်ရွင်ရွင် နေတတ်ခြင်းကို ကိုယ်စားပြုနိုင်ပါတယ်။ သွားတွေကိုလည်း သန့်သန့်ရှင်းရှင်းထားဖို့ မမေ့ပါနဲ့။ ဒါမှ မိန်းကလေးတွေက ကိုယ့်ကို ကိုယ့်ကိုယ်ကိုအမြဲ ဂရုတစိုက်နေတတ်သူတစ်ယောက်အနေနဲ့ သတ်မှတ်မှာပါ။

(၅)ရိုမန့်တစ်ဆန်ဆန် နေတတ်သူ

ပန်းစည်းဝယ်ပြီး လက်ဆောင်ပေးတာ၊ ဖယောင်းတိုင်မီးညှိပြီး ဖယောင်းတိုင်မီး အလင်းရောင်ကြားမှာ ကြည်ကြည်နူးနူးနဲ့  ညစာစားသောက်ဖို့ အစီအစဉ်တွေလုပ်ပေးပါ။ ဒီလိုရိုမန့်တစ်ဆန်ပြီး သူမကို ကလေးတစ်ယောက်လို အစစအရာရာကို ဂရုတစိုက်ပေးတတ်ခြင်းကလည်း မိန်းကလေးတွေကို စွဲမက်စေနိုင်တဲ့ အချက်တစ်ချက်ပါပဲ။

(၆)ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ အမျိုးသားတွေကိုပဲ အမျိုးသမီးတွေက မျက်စိကျနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေက သူတို့ရဲ့ ချစ်သူရည်းစားတွေကို လုံခြုံမှုကို ပိုပေးစွမ်းနိုင်ပါတယ်။


Credit : Trend Myanmar


No comments:

Post a Comment