" ငါးအရိုးဆူးသူများအတွက် "
သူငယ်ချင်းတယောက် အရိုးစူးသည်ဆိုတော့ ထမင်းဆုပ်မျိုချခြင်း၊
ငှက်ပျောသီးမှဲ့များမျိုချခြင်းဖြင့် ပြုလုပ်သော်လည်း ထူးခြားမှုမရှိ ပိုပိုဆိုးလာပါသည်။ မနက်ဆယ်နာရီလောက်က မျက်သော စူးသောအရိုး နည်းပေါင်းစုံလုပ်သော်လည်း ညနေ လေးနာရီထိ ကျဆင်းခြင်းမရှိ သူငယ်ချင်းခမျာ လည်ပင်းပိုနာလာပြီး ဇက်ကြောများတက်လာပါသည်။ ကျွန်မထံသို့ ဖုန်းဆက်၍ အကူညီတောင်းခံပါတော့သည်။
ငါးရိုးမျက်တာမှန်လျင် ကြက်ဥအစိမ်းတစ်လုံးကို
ခဏလေးရေနွေးဖျောပြီး (ပိုးသေစေရန်) ဖန်ခွက်ထဲသို့ ဖေါက်ထည့်ခိုင်းလိုက်လေသည်။ ဖန်ခွက်ထဲသို့ထည့်စေခြင်းမှာ မော့သောက်ရာ၌ ကြက်ဥအကာအနှစ်များကို အင်နှင့်အားနှင့်
လည်ချောင်းတွင်း ဆင်းသွားစေရန်ဖြစ်သည်။
ထိုသို့ပြုလုပ်ရန် အကြံပေးလိုက်ပါသည်။ အဘယ်ကြောင့် ထိုနည်းကို ပေးသနည်းဆိုလျင် ကြက်ဥ၏ အကာအနှစ်များနှင့် ငါးရိုးငြိကာ ချောချောမောမော လည်ချောင်းတွင်းမှ ကျဆင်းသွားစေရန်အတွက် ဖြစ်ပါသည်။
No comments:
Post a Comment