Tuesday, March 10, 2015

" တရားထိုင်ခြင်းကြောင့် ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေကို ရနိုင်လဲ "

" တရားထိုင်ခြင်းကြောင့် ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေကို ရနိုင်လဲ "

တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို ညီညွတ်မျှတစေပါတယ်။ တရားထိုင်ခြင်းကြောင့် နာတာရှည် နာကျင်မှုဝေဒနာ, စိတ်ဖိစီးမှု, စိတ်ပူပန်မှု, နှလုံးရောဂါ, ခုခံအားကျဆင်းမှုဝေဒနာ, အမျိုးသမီးရောဂါ စတဲ့ ရောဂါ ဝေဒနာများကို သက်သာစေပါတယ်။ တရားထိုင်ခြင်းကနေရတဲ့ စိတ်အပန်းပြေမှု, စိတ်ငြိမ်းချမ်းမှုဟာ ခန္ဓာကိုယ်ရဲ့ ဇီဝပျက်မှုကို လျော့ကျစေကာ သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်။ နှလုံးသွေးလှည့်ပတ်မှု အားကောင်းပြီး အသက်ရှူလမ်းကြောင်းစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် ဦးနှောက်လှိုင်းတွေကိုလည်း အားကောင်းစေပါတယ်။ ခန္ဓာကိုယ်ကြွက်သားတွေရဲ့ တင်းအားနဲ့ ညောင်းညာမှုတွေကို နှိပ်နယ်လိုက်သလို အညောင်းပြေစေပါတယ်။ ဒါကြောင့် တရားထိုင်တဲ့အကြိမ်နဲ့ အချိန်များလေလေ စိတ်ငြိမ်းချမ်းမှု ပိုမိုရရှိလေပါပဲ။

တရားထိုင်ခြင်းနဲ့ စိတ်ပူပန်မှု

စိတ်ပူပန်မှုဟာ ကြောက်ရွံ့မှု, အခက်အခဲကြုံတွေ့မှု, ဆိုးရွားတဲ့အကြောင်းတစ်ခုခု စတာတွေနဲ့ ဆက်စပ်နေတဲ့ မသက်မသာ စိတ်ခံစားမှုတစ်မျိုးပါ။
စိတ်ပူပန်မှုကြောင့် ခန္ဓာကိုယ်ဟာ ကတုန်ကယင်ဖြစ်ခြင်း, တုန်လှုပ်ခြင်း, ကြွက်သားနာကျင်ကိုက်ခဲခြင်း, ဂနာမငြိမ်ဖြစ်ခြင်း, အိပ်မပျော်ခြင်း, နှလုံးခုန်နှုန်းမြန်ခြင်း, ချွေးထွက်ခြင်း, လက်တွေစေးထန်းထန်းဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပူပန်မှုဖြစ်တာနဲ့ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးတဲ့အထိ ဒုက္ခရောက်ရတတ်ပါတယ်။ ဒါ့အပြင် စိတ်ပူပန်မှုဟာ နှလုံးရောဂါ, သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ပူပန်တတ်တဲ့စိတ်မရှိအောင် တရားထိုင်ခြင်းနဲ့ ကုစားနိုင်ပါတယ်။ တရားထိုင်ခြင်းဖြင့် စိတ်ဟာငြိမ်သက်အေးချမ်းနေပြီး ပူပန်စရာကြုံတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

စကားလက်ဆောင် တရားလက်ဆောင်မှ...........

K.K(ကနောင်)


No comments:

Post a Comment