ဖိလစ်ပိုင်က အမျိုးသမီးတွေဟာ ကိုယ်ဝန် မရခင်ကထက် ကလေးမွေးပြီးနောက်ပိုင်း မိမိတို့လက်တွဲဖော်နဲ့ ချစ်တင်းနှီးနှောမှု ပိုရှိကြကြောင်း လေ့လာမှု အသစ်တစ်ခုအရ တွေ့ရပါတယ်။
Colorado တက္ကသိုလ်မှ Michelle Escasa-Dorne ဆိုသူက ဖိလစ်ပိုင်နိုင်ငံဟာ အိမ်ထောင်ကွာရှင်းမှုနှုန်း နည်းပါးမှုမှာ လူသိများတာကြောင့် ဒါကို လေ့လာခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီက အမျိုးသမီးတွေ မိခင်နဲ့ ဇနီးမယားအဖြစ် အလိုက်သင့် နေထိုင်နိုင်အောင် ဘယ်လိုပြင်ဆင်မှု လုပ်ကြလဲဆိုတာ သိချင်ခဲ့ပါတယ်။
အသက် ၁၈ နဲ့ ၃၅ နှစ်ကြား အမျိုးသမီး ၂၆၀ ကို သူတို့ရဲ့ လိင်ပျော်ပိုက်မှုနဲ့ ချစ်သူစုံတွဲဘဝ အားရကျေနပ်မှုအကြောင်းနဲ့ ပတ်သက်ပြီး Escasa-Dorne မေးမြန်းခဲ့ပါတယ်။ အဲဒီအထဲ ၁၅၅ ဟာ ကလေးအား နို့တိုက်ကျွေးသေးသူတွေ ဖြစ်နေကြပါတယ်။ ကလေးနို့ မပြတ်သေးဘဲ ရာသီဓမ္မတာပြန်စတဲ့ အမျိုးသမီးတွေဟာ ဖိုမဆက်ဆံမှုပိုင်းမှာ ပိုမိုနိုးကြားတက်ကြွပြီး တခြားသူတွေထက် ပိုမိုလုပ်ဆောင်ကြတယ်။ ကိုယ်ဝန် မရခင်ကထက် ကလေးမွေးပြီး နောက်ပိုင်း လိင်စိတ် ပိုမိုနိုးကြားကြတယ်လို့ ဆိုပါတယ်။
Credit: Trend Myanmar
lutawlupyaw
No comments:
Post a Comment