Thursday, April 9, 2015

"အရောင်နဲ့ အနံ့အသက်ပါတဲ့ အိမ်သာသုံးစက္ကူ အသုံးပြုခြင်းဖြင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်"

"အရောင်နဲ့ အနံ့အသက်ပါတဲ့ အိမ်သာသုံးစက္ကူ အသုံးပြုခြင်းဖြင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်"

၁၉၈၇ မှာ အမေရိကဟာ အနံ့အသက်နဲ့ အရောင်ရှိ အိမ်သာစက္ကူ အသုံးပြုခြင်း တားမြစ်ကာ ပြောင်းလဲမှုကြီးတစ်ခု စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီကိစ္စဟာ အရောင်နဲ့ အနံ့အသက် ထိတွေ့မှု ရပြီးနောက်ပိုင်း တိရိစ္ဆာန်တွေ ဓာတ်ခွဲစမ်းသပ်လို့ အကြိတ်တွေ တွေ့ရှိသည့်နောက် ဖြစ်လာခဲ့တာပါ။  

(၁) သားအိမ်ခေါင်းကင်ဆာ

၁၉၈၇ မှာ FDA နဲ့ Department of Health and Human Services က တိရိစ္ဆာန်တွေ ဓာတ်ခွဲ စမ်းသပ်မှု ပြုလုပ်ရာမှာ သားအိမ်ခေါင်းကင်ဆာ အန္တရာယ် များပြားလာတာကြောင့် အိမ်သာသုံးစက္ကူ ထုတ်လုပ်မှုမှာ အရောင်တွေ အသုံးပြုခြင်း တားမြစ်ခဲ့ပါတယ်။ ဒီလို အိမ်သာစက္ကူ အမျိုးအစားတွေက အမျိုးသမီးတွေမှာလည်း အလားတူ အကျိုးသက်ရောက်မှု ရှိပါတယ်။

(၂) ဆီးလမ်းကြောင်း ကူးစက်ရောဂါ

အရောင်ခြယ်ထားတဲ့ အိမ်သာစက္ကူတွေက ဆီးအိမ်ကူးစက်ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းထဲ တစ်ခုဖြစ်ပါတယ်။ ဒီရောဂါ ကူးစက်မှုမျိုးက သားအိမ်လမ်းကြောင်းမှာ အဖြစ်များတတ်ပါတယ်။

(၃) မှိုရောဂါကူးစက်

လူနာတွေကို အနံ့အသက်နဲ့ အရာင်ပါတဲ့ အိမ်သာသုံး စက္ကူတွေ သုံးသလားဆိုတာ မီးယပ်ရောဂါပါရဂူတွေ မကြခဏမေးတဲ့ မေးခွန်းဖြစ်ပါတယ်။ အရောင်ဆိုး အိမ်သာစက္ကူဟာ မှိုကူးစက်ရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။

(၄) စအိုပြသနာ

အနံ့အသက်နဲ့ အရောင်ပါတဲ့ အိမ်သာစက္ကူက စအိုရောင်ခြင်းနဲ့ ယားယံခြင်းဖြစ်စေပါတယ်။ ဒီ့အပြင် ဝမ်းသွားတဲ့အခါ သွေးပါမပါ သိရဖို့ မကြာမကြာ စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။ 

Credit: Trend Myanmar



lutawlupyaw

No comments:

Post a Comment