"အပေါင်းအသင်း မိတ်ဆွေကောင်း ဆိုတာ လိုက်ရှာလို့ ရတဲ့ အရာမျိုး မဟုတ်ပါဘူး"
အပေါင်းအသင်း မိတ်ဆွေ ကောင်းတွေကို ဘယ်လို ရှာဖွေ ကြမလဲ..? ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။ မိဆွေ အပေါင်းအသင်းကောင်း ဆိုတာ လိုက်ရှာလို့ရတဲ့အရာမျိုး ဟုတ်မယ်လို့ မထင်ပါဘူး။ မိမိက သူတစ်ပါးအပေါ်ကို ကောင်းမှ သူ့တစ်ပါးက မိမိအပေါ်ကို ကောင်းပါလိမ့်မယ်။
တစ်ခါတစ်ရံမှာလည်း မိမိကောင်းသော်လည်း မကောင်းတဲ့ သူမျိုးတွေ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ကတော့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသကိုရောက်ရောက် သူများအပေါ်ကို ကောင်းလိုက်ပါ။ နောက်ထပ် တစ်ခုကတော့ အပေါင်းအသင်း မိတ်ဆွေကောင်းရပြီ ဆိုတာနဲ့ အလေးထားပါ။
မိတ်တွေ အပေါင်းအသင်းဆိုတာ လူတစ်ဦး တစ်ယောက်အတွက် အလွန်မှ အရေးကြီးပါတယ်။ တစ်ဦးတည်း တစ်ယောက်တည်းနဲ့ အောင်မြင်တဲ့ ဘဝတစ်ခု စိုပြည်သာယာတဲ့ ဘဝတစ်ခုကို ထူထောင်ဖို့ဆိုတာ အလွန်ပင် ခက်ခဲပါလိမ့်မယ်။
Credit : yoyarlay
No comments:
Post a Comment