"အိမ်တွင်း နံရံနဲ့ ကြမ်းပြင် အလှဆင် သုံးဘက်မြင် ပန်းချီကားများ"
Imperial Interiors လို့ အမည်ရတဲ့ ဒူဘိုင်း အခြေဆိုက် ဒီဇိုင်း ကုမ္ဗဏီဟာ ပုံမှာ မြင်တွေ့ရသလိုမျိုး အိမ်ကြမ်းပြင်နဲ့ နံရံများမှာ သုံးဘက်မြင် ပန်းချီကားများ ရေးဆွဲပေးလျက် ရှိပါတယ်။
ယခု ရေးဆွဲမှုဟာ သူဌေးတစ်ဦးရဲ့ အိမ်မှာ ဖြစ်ပါတယ်။ အိမ်သာနဲ့ ရေချိုးခန်းတို့ကို အလှဆင် ရေးဆွဲပေးထားဖြစ်ပါတယ်။ အိမ်သာကြမ်းပြင်ကနေ လင်းပိုင်များ ခေါင်းမော့နေတဲ့ပုံ၊ ရေချိုးကန်ဘေးက ပင်လယ်သဲပြင်ပေါ် ရေတက်နေပုံ အပြင် အခြားသော အင်မတန် ပီပြင်တဲ့ ကမ်းခြေ အမြင်အရာ ပုံရိပ်များကို ထည့်သွင်းထားပါတယ်။ အကယ်၍ ငါးမန်း ကြောက်တတ်သူဆိုရင် ငါးမန်းက အောက်ကြမ်းပြင်က မှန်ခန်းမှာ သွားနေတဲ့ပုံကို အသုံးမပြုသင့်ပါဘူးလို့တောင် အကြံပေးထားပါတယ်။ သူတို့ရဲ့ သုံးဘက်မြင် 3D ပန်းချီကားရဲ့ အင်မတန် ပီပြင်မှုကို ဂုဏ်တင်ချင်တာလည်း ပါပါတယ်။
ဒါကြောင့်မို့ လမ်းမပေါ်က 3D ပန်းချီကားတွေ ကိုယ်မပိုင်ပေမယ့် မိမိရဲ့ အိမ်ခန်းတွေထဲမှာပဲ 3D ပန်းချီကားများနဲ့ ဝေဆာစေမယ့် ဝန်ဆောင်မှုများကို ဒူဘိုင်းမှာ စတင်ပေးအပ် လာပါတယ်။
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment