"ကမ္ဘာ့အကောင်းဆုံး ရှော့ပင်းမောလ်များ"
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံအများစုမှာ ကြီးကျယ်ခမ်းနားတဲ့ ဈေးဝယ်စင်တာတွေ ရှိကြပါတယ်။ အခုနောက်ဆုံး ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာလို့ ယူဆရတဲ့ Shoppin Mall တစ်ခုက ဒူဘိုင်းမှာ ဖွင့်လှစ်ထားပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဈေးဝယ်စင်တာတွေဟာ ဈေးတွေနဲ့ စားသောက်ဆိုင်တွေတင်ရှိတာ မဟုတ်ပဲ အများပြည်သူ လွတ်လပ်ကျယ်ဝန်းစွာ အပန်းဖြေနိုင်တဲ့ နေရာတွေလည်းရှိရမှာဖြစ်ပါတယ်။ ဈေးဝယ်သူတွေကို အလုအယက်ဆွဲဆောင်ကြဖို့ ဈေးဝယ်စင်တာတွေက ဖျော်ဖြေရေးတွေကို ပိုမို ဦးစားပေးလာကြပါတယ်။ ပေပေါင်း ၁၃ သန်း ပတ်လည်ကျယ်တဲ့ ဒူဘိုင်းရှော့ပင်းမောမှာဆိုရင် ဈေးဝယ်လာတဲ့သူတွေအတွက် အပန်းဖြေစရာ နေရာများစွာ ရှိပါတယ်။ ရှော့ပင်းမောအတွင်းမှာ နှင်းလျှောစီး ကွင်းပြင်ကိုလည်း ထည့်သွင်း တည်ဆောက်ထားပါသေးတယ်။ ဒါတင်မက ငါးမန်းတွေကို ကြည့်နိုင်မယ့် ရေအောက် ဥမင်လှိုင်းခေါင်းလည်း ရှိပါသေးတယ်။ ဒူဘိုင်းလို အပူပိုင်းဒေသမျိုးမှာ နှင်းလျှောစီးကွင်း ဆောက်လုပ်တာ ပထမဆုံးလည်းဖြစ်ပါတယ်။
ကမ္ဘာအနှံ့က အကောင်းဆုံးဈေးဝယ်စင်တာတွေကို ပြောရရင် အမေရိကမှာရှိတဲ့ Mall of America၊ ကနေဒါမှာရှိတဲ့ West Edmanton Mall၊ လက်စ်ဗီးဂတ်မှာရှိတဲ့ တူးမြောင်းဈေးဝယ်စင်တာ စတဲ့ နေရာတွေဖြစ်ပါတယ်။ မလေးရှားမှာရှိတဲ့ Berjaya Times Square ဈေးဝယ်စင်တာမှာလည်း ဖျော်ဖြေရေး အစီအစဉ်များစွာရှိလို့ နာမည်ကျော်ပါတယ်။
Ref - dailymail
Credit: Planet
No comments:
Post a Comment