"ခွေးတွေဟာ သူတို့ သခင်အပေါ် ကောင်းမွန်စွာ မဆက်ဆံတဲ့လူတွေကို မသိကျိုးကျွန် လျစ်လျုရှူတတ်"
သိပ္ပံပညာရှင်တွေဟာ ခွေး (၁၈) ကောင်ကို အုပ်စု (၃) ခုခွဲပြီး သူစိမ်းတွေရဲ့ ကြမ်းတမ်းစွာ ဆက်ဆံခံရတဲ့ သခင်တွေကို ကြည့်စေခြင်းအားဖြင့် သူတို့တုံ့ပြန်ချက်တွေကို အကဲခတ် ကြည့်ရှုခဲ့ကြပါတယ်။
ခွေးပိုင်ရှင် တစ်ဦးစီဟာ သူစိမ်းနှစ်ဦးကို အကူအညီတောင်း လုပ်ဆောင်ရပါတယ်။ ပထမအုပ်စုက သူတွေဟာ ဘွင်းဘွင်းရှင်းရှင်း၊ မကွယ်မဝှက် ငြင်းပယ်ခံရပြီး ဒုတိယအဖွဲ့ကျတော့ ကူညီမှုတွေ ပေးကြတယ်ပေါ့။ နောက်ဆုံးအုပ်စုမှာတော့ သူစိမ်းတွေကို ဘာစကားမှ မပြောပဲ နေစေခဲ့ပါတယ်။
အဲဒီသူစိမ်းတွေကို ခွေးစာ ကျွေးခိုင်းခဲ့ပါတယ်။ လေ့လာချက်အရ ပထမအုပ်စုထဲက ခွေးတွေဟာ မကြင်နာတဲ့သူစိမ်းကို မသိကျိုးကျွန်ပြုဖို့ အလားအလာ ပိုများပြီး ခပ်အေးအေး သာမန်လူတစ်ယောက်ဆီမှ အစာကိုလက်ခံဖို့ အလားအလာ ပိုများကြောင်း တွေ့ရပါတယ်။
သုတေသီ Kazuo Fujita က " ခွေးတွေဟာ သူတို့ရဲ့ လတ်တလော စိတ်ဝင်စားမှုကို ထည့်သွင်းမစဉ်းစားပဲ လူတွေရဲ့ လူမှုရေးနဲ့ စိတ်ခံစားချက်တွေကို တန်ဖိုးထားကြကြောင်း ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ တယ်" လို့ ပြောဆိုခဲ့ပါတယ်။
Ref: yourtango
Credit: Trend Myanmar
No comments:
Post a Comment