"မက္ကဆီကိုမှာ နာမည်ကြီးနေတဲ့ မိုးလေ၀သ တင်ဆက်သူလေး"
လူမှုကွန်ယက်ဝက်ဆိုက်တွေမှာ ယာနက်ဂါစီယာဆိုတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်မယ်ဆိုရင် သူမက ဘယ်သူလဲ၊ ဘယ်နေရာမှာ နေတာလဲဆိုတာအပြင် မိုးလေ၀သ တင်ဆက်တဲ့ကောင်မလေး တစ်ယောက် ဒီလို လန်းတာ ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ မေးချင်ကြပါလိမ့်မယ်။
ဒါပေမယ့် ဒီမေးခွန်းတွေကို တိတိကျကျ ဖြေနိုင်ဖို့တော့ ခက်ပါတယ်။ သေချာတာကတော့ ယာနက်ရဲ့ပုံတွေကို အင်စတာဂရမ် လူမှုကွန်ယက်မှာ တွေ့ပြီးတဲ့နောက် သူမအကြောင်း လူပြောသူပြောများလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့မွေးရပ်မြေက သူတွေက သူမကို မက္ကဆီကို ကမ်ကာဒါရှီယန်လို့တောင် ချစ်စနိုးခေါ်နေကြပြီ ဖြစ်ပါတယ်။ အခုဆိုရင် မက္ကဆီကိုမှာ မိုးလေ၀သသတင်းကို တကယ်နားထောင်ချင်လို့ ဆိုတာထက် သူမရဲ့ ပုံရိပ်ကို တွေ့မြင်ချင်လို့ တီဗွီရှေ့ကို ရောက်နေကြတဲ့ သကောင့်သားတွေ များလာခဲ့ပြီ ဖြစ်ပါတယ်။ သေချာတာကတော့ သူမအနေနဲ့ မကြာခင်မှာ ရုပ်သံတင်ဆက်သူ အလုပ်အပြင် မော်ဒယ်နဲ့ ဖက်ရှင်လောကမှာပါ နေရာရလာဖို့ ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။
Ref – VH1
Credit: Planet
No comments:
Post a Comment