"သင်မသိသေးတဲ့ စိတ်ဝင်စားစရာ အချက်အလက်များ"
ယုံချင်ဖွယ် မကောင်းပေမယ့် တကယ်ဖြစ်ပျက်ခဲ့ပြီး တကယ်လည်း ရှိနေတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
စိတ်ပညာဆိုင်ရာလေ့လာမှုတစ်ခုက ချောမောလှပတဲ့ အမျိုးသမီးများ အနီးနားရှိနေတာ အမျိုးသားတွေရဲ့ အပြုအမူကို အမှားမှားအယွင်းယွင်း ဖြစ်စေတယ်လို့ဆိုတယ်။
ပြင်သစ်နိုင်ငံမှာ လူသေအလောင်းနဲ့ လက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုထားတယ်။
အလွယ်တကူ ရယ်မောပျော်ရွှင်တတ်သူတွေဟာ အသက်ပိုရှည်တယ်။
အကြီးဆုံးအစ်မတွေဟာ ရည်ရွယ်ချက်အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံးသူတွေ ဖြစ်ကြတယ်။
မိမိစိတ်ခံစားချက်တွေ မျိုသိပ်ပြီးနေနေတာ စိတ်ကျရောဂါဖြစ်စေနိုင်တယ်။
ချစ်ခင်ကြင်နာမှုနဲ့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်အိပ်ခြင်းဟာ oxytocin ထုတ်ပေးသောကြောင့် ခန္ဓာကိုယ် ထိခိုက်အနာတရဖြစ်မှုတွေကို ပိုမိုလျင်မြန်စွာ ပျောက်ကင်းစေပါတယ်။
ဂျပန်နိုင်ငံမှာ ဝတယ်ဆိုတာ ဥပဒေချိုးဖောက်တာဖြစ်တယ်။ အသက် ၄၀ နဲ့ အထက်ရှိတဲ့ လူတစ်ယောက်ရဲ့အကြီးဆုံးခါးဆိုက် (waistline size) က ၃၅.၄ လက်မ ဖြစ်ပါတယ်။
အိပ်ချိန်လုံလုံလောက်လောက်မရှိပါက သင့်ရဲ့ လိမ်ချင်၊ ညာချင်တဲ့စိတ်နဲ့ ခိုးဝှက်ချင်တဲ့စိတ်တွေ တိုးမြင့်လာလိမ့်မယ်။
ပေါ်ထွန်း
Credit: Trend Myanmar
No comments:
Post a Comment