Wednesday, June 17, 2015
"စုံတွဲတွေကြား ပြဿနာတက်တဲ့အခါ ဒီစကား (၅) ခုကို ရှောင်ရှားပြောဆိုသင့်တာ"
"စုံတွဲတွေကြား ပြဿနာတက်တဲ့အခါ ဒီစကား (၅) ခုကို ရှောင်ရှားပြောဆိုသင့်တာ"
ဒါတွေအားလုံး သင့်အမှားတွေ ချည်းပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ သင့်ချစ်သူကို ဒီလိုစကားမျိုးတွေ ပြောလိုက်မိလို့ပါ။ ငြင်းခုန်တဲ့အခါ ဒေါသထွက်တတ်ကြပေမယ့် နှစ်ဦးသား ပြန်လည်အဆင်ပြေဖို့သာ ဦးတည်ရမှာပါ။ တစ်ဖက်လူစကားကြောင့် တစ်ဖက်လူ နာကျင်သွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တော့ မထားသင့်ပါဘူး။ အမျိုးသားတွေထက် အမျိုးသမီးတွေက ပြဿနာတက်တဲ့အခါ ဒီလိုအမှားမျိုးတွေ ပိုကျူးလွန်တတ်ကြပါတယ်။ ဘယ်လိုစကားမျိုးတွေက ပြဿနာတက်နေချိန် ရှောင်ကြဉ်ပြောဆိုသင့်သလဲဆိုတော့
၁။ဒါ နင့်အမှားပဲ၊ နင်လုပ်လိုက်ရင် ဒီလိုချည်းပဲ။
ပြဿနာက ရှိတာထက် ပိုကြီးသွားစေပါတယ်။ တစ်ဖက်သားကို စွပ်စွဲတဲ့သဘောလည်း ပါသွားပါပြီ။ ပြဿနာကို ညှိနှိုင်းဖြေရှင်းရမှာထက် သူ့ဒေါသကို ပိုဆွပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
၂။နင့်ကိုဒါတွေ ပြောနေလည်း ဘာမှအသုံးမ၀င်ပါဘူး၊ ငါ့ကိုနားလည်တဲ့သူတစ်ယောက်ယောက်ကို ပြောတာပဲကောင်းမယ်။
နှစ်ဦးသားပြဿနာကို ရုတ်ချည်း ရပ်တန့်ပစ်လိုက်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ရပ်တန့်ဖို့အတွက် ပြောဆိုတဲ့နည်းက လုံးဝမှားယွင်းနေပါတယ်။ သင်ဟာ သူပြောသမျှ ဘာမှနားထောင်ချင်စိတ် မရှိတော့ဘူးဆိုတာ ပိတ်ပြောလိုက်တာမို့ သူ့ဘက်က သူ့ခံစားချက်တွေ၊ ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ ဖြေရှင်းချက် စတာတွေကို နားထောင်ဖို့ အခွင့်အရေး မရှိတော့ပါဘူး၊ ဒါဟာ ပိုမိုကွဲလွဲစေဖို့ ဖန်တီးလိုက်တဲ့ အခြေအနေတစ်ရပ် ဖြစ်သွားပါပြီ။
၃။နင်ဟာလေ ငါ့အဖေလိုပဲ/ ငါ့ရည်းစားဟောင်းနဲ့ တစ်ပုံစံတည်းပဲ။
သင်ဟာ ဒီလိုစကားမျိုး ပြောလိုက်တာကြောင့် သူဘယ်သူလဲဆိုတာ မေ့ပစ်လိုက်တဲ့သဘော ဖြစ်သလို သင့်စိတ်ပျက်တဲ့သူ၊ သင်စိတ်ကုန်ခဲ့သူတွေနဲ့ နှိုင်းယှဉ်လိုက်တာကြောင့် သူ့စိတ်ကို အနာကျင်ဆုံး ထိုးနှက်လိုက်သလို ဖြစ်သွားပါတယ်။ အမှန်တကယ်ဆို ဒီလိုစကားမျိုး ပြောထွက်တာထိတောင် မပြောပါနဲ့ဦး၊ ပြဿနာတစ်ခုဖြစ်ရင် နင်ကလေ နင်ကလေ လို့ သူ့ကို လက်ညှိုးထိုးပြောနေမယ့်အစား ကိုယ့်အကြောင်းကိုသာ ပြောသင့်တယ်လို့ ဆိုပါတယ်။
၎။ငါသိတဲ့လူတွေကတော့ ငါနဲ့ အကုန်သဘောတူတာပဲ။ နင်ကသာ ....။
ဒီလိုအချိန်မှာ တခြားလူတွေကို ကိုယ့်ပြဿနာထဲ ဆွဲမသွင်းတာကောင်းပါတယ်။ ဒါကလည်း ပြဿနာ ပိုကြီးကျယ်သွားစေတာမို့ပါ။ အခန့်မသင့်ရင် တခြားလူတွေပါ ပိုအမုန်းပွားခံရနိုင်ပါတယ်။
၅။ နင်သာ ငါ့ကို တကယ်ချစ်ရင်.. နင်လုပ်ပေးလိမ့်မယ်၊ နင်နားလည်ပေးလိမ့်မယ်။
အရာရာတိုင်းကိုတော့ နင်ငါ့ကိုချစ်ရင် ဆိုတာနဲ့ချည်း ဖြေရှင်းလို့ မရနိုင်ပါဘူး။ တစ်ချို့အရာတွေက ပြဿနာဖြစ်ရာက နားလည်မှုရယူပြီး နောက်ပိုင်း ဒီလိုပြဿနာတွေ နည်းပါးအောင် လုပ်ဆောင်သွားရမှာပါ။ ဒါကို ပြဿနာမတက်လိုက်နဲ့ နင်ငါ့ကို မချစ်လို့ ဒီလိုလုပ်တာ၊ နင်ငါ့ကိုတကယ်ချစ်ရင် ... ဒါတွေလုပ်မှာ မဟုတ်ဘူးဆိုတာမျိုးတွေနဲ့ သွားချုပ်လို့တော့ မရပါဘူး။
ဟန်နီ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment