Saturday, June 20, 2015
"သားပိုက်ကောင် တွေဟာ ဗယ်သန်တွေ"
"သားပိုက်ကောင် တွေဟာ ဗယ်သန်တွေ"
သားပိုက်ကောင် အများစုသည် အလုပ် အတော်များများကို ဗယ်လက်ဖြင့် လုပ်သည့် ဗယ်သန်များ ဖြစ်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
လူသားများသည် အများအားဖြင့် ညာသန်များဖြစ်သလို သားပိုက်ကောင် များသည်ကား ဗယ်သန်များ ဖြစ်ကြောင်း ကောင်ရေကို အခြေခံ စောင့်ကြည့် တွက်ချက်ခြင်းအရ သိရခြင်း ဖြစ်သည်။ သားပိုက်ကောင်များ တောတွင်း လှုပ်ရှားမှုများကို နာရီပေါင်းများစွာ ကြာအောင် ဗီဒီယို မှတ်တမ်းတင်ကာ သုတေသန ပြုထားခြင်း ဖြစ်သည်။
သုတေသန ရလဒ်ကို Current Biology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်ျ တက္ကသိုလ်မှ သုတေသန ပညာရှင်များနှင့် တက်စမေးနီးယား တက္ကသိုလ်မှ ဂေဟဗေဒဆိုင်ရာ ပီအိပ်ခ်ျဒီ ကျောင်းသူ ဂျနီအင်ဂရမ်တို့ ပူးတွဲ ပြုလုပ်ထားခြင်း ဖြစ်သည်။
မီးခိုးရောင် သားပိုက်ကောင်၊ အနီရောင် သားပိုက်ကောင်များသည် အများအားဖြင့် ဗယ်သန်များချည်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ကလေးများကို ကိုင်တွယ် ပြုစုခြင်း၊ အစာကျွေးခြင်း၊ ကိုယ်တိုင်လည်း အစာစားခြင်း၊ ပြေးလွှားဖို့ စတင် အားပြုခြင်းများတွင်လည်း ဗယ်လက်ကိုသာ အဓိက အားပြုကြကြောင်း တွေ့ရှိခဲ့ရသည်။
Source: BBC
Credit: mrssenger

No comments:
Post a Comment