"ပန်းပေါင်း ၄၅ သန်းကျော်ရှိတဲ့ ဒူဘိုင်မြို့က အံ့ဖွယ် ပန်းဥယျာဉ်"
ဒူဘိုင်းလို့ဆိုလိုက်ရင် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကို ပိုင်ဆိုင်ထားတဲ့မြို့၊ တန်ဖိုးကြီး ဇိမ်ခံကားတွေနဲ့ မိုးမျှော်တိုက်တွေပြည့်နေတဲ့ မြို့ကြီးတစ်မြို့အဖြစ်ပဲ မြင်ယောင်ကြမှာပါ။ ချမ်းသာကြွယ်ဝမှုကို အခြေခံပြီး နည်းပညာ တိုးတက်မှုတွေနဲ့ ရှင်သန်နေတဲ့မြို့ဖြစ်ပေမယ့် သဘာဝအလှတွေကို အဲဒီမှာ ခံစားနိုင်ပါသေးတယ်။
အဲဒါကတော့ ကမ္ဘာ့အကြီးဆုံး ပန်းဥယျဉ်ကို သင်အခု ဒူဘိုင်းမှာ တွေ့နိုင်ပြီဖြစ်ပါတယ်။ ပန်းရောင်မျိုးစုံကို ပုံသဏ္ဍာန်အမျိုးမျိုး ပုံဖော်ထားတာ တွေ့ရမှာပါ။ ၁၈ ဧက ကျယ်ဝန်းတဲ့နေရာမှာ ပန်းပေါင်း ၄၅ သန်းကို သင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒူဘိုင်းအံ့ဖွယ် ပန်းဥယျာဉ်လို့ အမည်ပေးထားတဲ့ ဒီပန်းခြံမှာ ပုံဖော်ထားတဲ့ ဒီဇိုင်းတွေက မြင်သူတွေကို အသက်ရှု မှားသွားစေလောက်ပါတယ်။ ဒီပန်းခြံကို ၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ခရီးသွားတွေကို အဓိက ဆွဲဆောင်တဲ့နေရာဖြစ်ဖို့လည်း ရည်ရွယ်ခဲ့တာပါ။
ဒီလိုပန်းခြံပုံစံမျိုးကို အရှေ့အလယ်ပိုင်းဒေသမှာ ဖန်တီးနိုင်ခဲ့တာက ဒူဘိုင်းက ပထမဆုံးလို့လည်း ဆိုနိုင်ပါတယ်။
Ref - dailymail
Credit: Planet
No comments:
Post a Comment