"လူတစ်ဦးရဲ့လက်ကောက်ဝတ်လောက်ရှိတဲ့ ခြေထောက်တွေကို ပိုင်ဆိုင်ထားတဲ့ ဗီယက်နမ်နိုင်ငံက ကြက်"
ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ကြက်တွေဟာ သာမန်ကြက်တွေထက်ပိုပြီး ထူးခြားနေတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီကြက်တွေကို ဒွန်တာအိုလို့ ခေါ်ဆိုကြပါတယ်။ ဒီကြက်တွေဟာ အထူးမွေးမြူထားတဲ့ကြက်တွေ ဖြစ်ပြီး သာမန်ကြက်တွေနဲ့ တူညီမှုမရှိပါဘူး။ အထူးသဖြင့် ဒွန်တာအိုကြက်တွေရဲ့ခြေထောက်ပိုင်းက ကြီးမားနေခြင်း ပဲဖြစ်ပါတယ်။ ဘယ်လောက်အထိတောင် ကြီးမားသလဲဆိုတော့ ကြက်တစ်ကောင်ရဲ့ ခြေထောက်ဟာ လူသားတစ်ဦးရဲ့ လက်ကောက်ဝတ်လောက် ရှိတယ်လို့ သိရပါတယ်။
ဒီကြက်တွေဟာ စားသုံးဖို့အတွက် အထူးမွေးမြူထားခြင်း ဖြစ်ပါတယ်။ ဒွန်တာအိုကြက်တစ်ကောင်ရဲ့ အလေးချိန်ဟာ သုံးကီလိုကနေ (၆) ကီလိုအထိ ရှိနိုင်ပါတယ်။ ဒီကြက်ရဲ့ပုံစံဟာ ထူးခြားနေပြီး အရောင်အသွေး စုံလင်စွာရှိနေတဲ့ ကြက်မျိုးလည်း ဖြစ်ပါတယ်။ ဒီကြက်တွေဟာ ဟင်းချက်စားရာမှာ အလွန်အရသာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးကတော့ အလွန်ကြီးပါတယ်။
ဒွန်တာအိုကြက်ဟာ တစ်ကီလိုကို အမေရိကန်ဒေါ်လာ (၁၉) အထိ ပေးရနိုင်ပြီး အရည်အသွေး ကောင်းမွန်တဲ့ ကြက်တစ်ကောင်ဆိုရင် ဒေါ်လာ (၂၈၆) အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတွေမှာ ဒွန်တာအို ကြက်တွေဟာ ဈေးကောင်းရလေ့ရှိပြီး ကြက်နှစ်ကောင်ရဲ့ တန်ဖိုးဟာ ဒေါ်လာ (၂၅၀၀) အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကြက်တွေကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ အဆင့်မြင့် စားသောက်ဆိုင်တွေမှာ ၀ယ်ယူ စားသုံးနိုင်တယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံရှိ လယ်သမားတွေဟာ ဒီကြက်တွေကို စနစ်တကျမွေးမြူပြီး ဈေးကွက်ကို တင်ပို့လေ့ရှိပါတယ်။ နိုင်ငံခြားသားတွေကလည်း ဒီကြက်ရဲ့ အရသာကို အလွန်နှစ်သက်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဒီကြက်ရဲ့ ခြေထောက်ကို ပုံစံမျိုးစုံနဲ့ ချက်ပြုတ် စားသောက်လေ့ရှိကြပါတယ်။
Credit: messenger
No comments:
Post a Comment