"ခြေထောက်နှစ်ဖက် မရှိတော့ပေမယ့် ဘ၀ကို အရှုံးမပေးသူ"
ခြေထောက်နှစ်ဖက်မရှိပေမယ့် ဘ၀ကို အရှုံးမပေးဘဲ ဖြတ်သန်းနေသူကတော့ အသက် (၆၀) နှစ်ရွယ်ရှိ Zhang Rihui ဖြစ်ပါတယ်။ မွေးရာပါ ခြေထောက် နှစ်ဖက်စလုံး ပါဝင်ခဲ့ခြင်းမရှိပေမယ့် ဘ၀ကို အရှုံးမပေးဘဲ လက်ရှိအချိန်မှာ စာတိုက် ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ ဒူးနှစ်ဖက်ကို အသုံးပြုပြီး မိသားစုပေါင်း (၄၂၀၀) ကျော်နေထိုင်တဲ့ Yaungxi မြို့မှာ ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းကို နေ့စဉ် နံနက် (၉း၀၀) နာရီကတည်းက ဆောင်ရွက်ခဲ့ပါတယ်။ သူဟာ အီလက်ထရောနစ် ကားကို ကိုယ်တိုင်မောင်းပြီး ပါဆယ်ပို့ လုပ်ငန်းကို လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။ ဒူးနှစ်ဖက်ကို အသုံးပြုသွားလာနေခြင်း ဖြစ်ပြီး ဒူးနှစ်ဖက်မှာ တာယာအပိုင်းအစတွေကို ချည်နှောင်မှု ပြုလုပ်ထားရပါတယ်။ အီလက် ထရောနစ်ကားကို မောင်းရာမှာ သစ်သားခုံကို အထောက်ကူယူခဲ့ရပါတယ်။ မသန်စွမ်း ဖြစ်ပေမယ့် အလုပ်ကြိုးစားခြင်း၊ စေတနာပါခြင်းတို့ကြောင့် လုင်ငန်းခွင်မှာ လူချစ် လူခင်များပြီး မြို့ခံတွေကလည်း ကူညီမှုတွေ ပေးခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက စာတိုက်ပို့ဆောင်ရေး လုပ်ကိုင်ခဲ့တာကြောင့် ဒီအလုပ်ကို လုပ်ခွင့်ရတာဖြစ်ပါတယ်။ အစောပိုင်းမှာ စာသီးသန့်သာ ပို့ခဲ့ရပြီး နောက်ပိုင်းမှာ ပါဆယ်ပို့တဲ့ အလုပ်ကို လုပ်ခွင့်ရတာဖြစ်ပါတယ်။ ဘ၀ကို ညည်းတွားနေမယ့်အစား လက်တွေ့ကျကျ ရင်ဆိုင်ခြင်းက အကောင်းဆုံး ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့သူ့ကို အားလုံးက လေးစား အားကျနေကြတယ်လို့ သိရပါတယ်။
Credit: messenger
No comments:
Post a Comment