"အရွယ်တင်နုပျိုချင်သူတိုင်း လိုက်နာသင့်တဲ့ အလေ့အကျင့် (၉) မျိုး"
အသက်အရွယ် ပိုကြီးရင့်လာတဲ့အခါ သင် ရုပ်အသွင်အပြင် ဘယ်လိုရှိတယ်ဆိုတာဟာ ငယ်ရွယ်တဲ့အချိန်မှာ သင် ဘယ်လို့ နေထိုင်ဖြတ်သန်းသွားတယ် ဆိုတဲ့အပေါ် အများကြီး မူတည်သွားပါတယ်။ ကျန်းမာရေး ကောင်းမွန်ခြင်းဆိုတာ ဘဝရဲ့ အစောပိုင်း အချိန်တွေမှာ ကောင်းမွန်မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုခဲ့တဲ့ သဘောဖြစ်ပါတယ်။ ဒါဟာ တစ်ဖြည်းဖြည်းနဲ့ မိမိခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်မယ့် အလေ့အကျင့်ဆိုးတွေ ရှောင်ရှားခြင်းလည်း မည်ပါတယ်။
ဒါ့ကြောင့် အရွယ်တင် ပိုမိုနုပျိုဖို့ လိုက်နာရမယ့် အလေ့အကျင့် (၉) မျိုးကတော့
(၁) ရေကို အလုံအလောက်သောက်ပေးပါ။
(၂) အပြင်ထွက်ရင် နေရောင်ကာ ခရင်မ်လိမ်းပါ။
(၃) ညတိုင်း အိပ်ရာမဝင်ခင် မျက်နှာကို ပြောင်အောင် သေသေချာချာ ဆေးကြောသန့်စင်ပေးပါ။
(၄) မျက်နှာစိုပြည်စေဖို့ မနက်တိုင်း အလှဆီလိမ်းပေးပါ (အကုန်အကျသက်သာအောင် အုန်းဆီ coconut oil လိမ်းပေးနိုင်ပါတယ်)
(၅) စက်ဖြင့် အဆင့်ဆင့်ဆောင်ရွက်ထုတ်လုပ်တဲ့ အစားအစာတွေ သိပ်စားပါနဲ့။
(၆) ဆံပင်ကို နေ့တိုင်းလျော်မယ့်အစား တစ်ပတ် (၁) ကြိမ် သို့မဟုတ် (၂) ကြိမ်သာ လျော်ပေးပါ။
(၇) အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပါ။
(၈) ထမင်းကို အပြင်စားသောက်ဆိုင်ထက် အိမ်မှာသာ ပိုစားသင့်ပါတယ်။
(၉) အဆီဓာတ်ကို အလုံအလောက်စားပေးပါ။
Ref: msn
Credit: Trend Myanmar
No comments:
Post a Comment