"ဆံပင်ကျွတ်သူတွေအတွက် အံ့အားသင့်စရာ ဆံပင်ပြန်ပေါက် ဆေးနည်း (၄) မျိုး"
လူတိုင်း အထူးသဖြင့် ဆံပင်ကျွတ်တဲ့ ပြဿနာ ခံစားရသူတွေဟာ လှပတဲ့ဆံကေသာနဲ့ ဆံသားထူထူလေး ပိုင်ဆိုင်ချင်တတ်ကြပါတယ်။ ဒီလို ပြဿနာ ခံစားနေရသူတွေအတွက် ဒါကို ဖြေရှင်းနိုင်မယ့် နည်းလေးနဲ့ အကြံဥာဏ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဖယောင်းပူ
ဖယောင်းတိုင်တစ်တိုင်ကို ရေနွေးထဲ အရေပျော်စေပြီး အဲဒီရေကို ခေါင်းလျော်ဖို့ အသုံးပြုပါ။
(၂) ကြက်သွန်နီနဲ့ ကြက်သွန်ဖြူရောစပ်ခြင်း
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီရောစပ်ထားတဲ့ အရာနဲ့ ခေါင်းကို လိမ်းသပ်ပေးပါ။ ၄င်းရဲ့ ပိုးသတ်ဆေး အစွမ်းတွေကြောင့် ဆံကေသာကို ကျန်းမာသန်စွမ်းစေနိုင်ပြီး ဆံပင် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးလှုံ့ဆော်ပေးပါတယ်။
(၃) မြေပဲထောပတ်
မြေပဲထောပတ်မှာတွေ့ရတဲ့ အဆီထဲက ပရိုတိန်းဓာတ်တွေရဲ့ ကျေးဇူးကြောင့် ဆံပင်သားနဲ့ မွေးညင်းပေါက်တွေ သန်မာလာပါလိမ့်မယ်။
(၄) ဘီယာ
ဘီယာက ဦးရေပြားအတွက်လည်း ကောင်းမွန်ပါတယ်။ ခေါင်းလျော်ပြီးနောက် ဆံပင်ကို ဘီယာနဲ့ လောင်းသင့်ပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
No comments:
Post a Comment