"အအေးမြဆုံး အရိပ်ကို ခိုကြပါစို့…"
လူ့ပြည်ခန်းဝါ လူ့ရပ်ရွာတွင် စိမ်းဖြာညွန့်ရှင် စည်ပင်ရွက်စိပ် သစ်ပင်ရိပ်သည် အေးမြ၏။
ချစ်ကြည်နှစ်လို့ ဆွေမျိုးတို့၏အရိပ်လည်း အေးမြ၏။
အကျိုးလိုလား ချစ်သနားသည့် မိဘများ၏အရိပ်လည်း အေးမြ၏။
မြင့်မိုရ်ပမာ ဥာဏ်ရောင်ဖြာသည့် ဆရာသခင် ကျေးဇူးရှင်တို့၏ အရိပ်လည်း အေးမြ၏။
တရားမယုတ် စိုးအုပ်ချုပ်သည့် မင်းလုပ်သူတို့၏ အရိပ်လည်း အေးမြ၏။
မဂ်ညှောင့်ပွင့်ရာ သာသနာတော် အရိပ်မူကား မည်သူမည်ဝါ မယှဉ်သာအောင် အအေးမြဆုံးသော အရိပ်အာဝါသပေတည်း။
အားလုံး အအေးမြဆုံး အရိပ်ကို ခိုလှုံနိုင်ကြပါစေ…..
Credit: lapyaewon
No comments:
Post a Comment