"အီလက်ထရောနစ် မျက်နှာပြင်တွေကို စွဲလန်းတဲ့ ကလေးဦးရေ ပိုမို တိုးပွားလာ"
ကွန်ပျူတာဂိမ်းတွေကို အလွန်အမင်းဆော့တဲ့ လူငယ်ဦးရေဟာ တရုတ်နိုင်ငံမှာ များလာလို့ တကယ့်ကို သတိပြုစရာ အခြေအနေတစ်ရပ် ဖြစ်လာခဲ့သလိုပဲ အီလက်ထရောနစ် မျက်နှာပြင်ကို တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ အချိန်ပေးကြည့်ရှုနေကြတဲ့ ကလေးတွေအတွက်လည်း မိဘတွေ အတွက်တော့ စိုးရိမ်စရာ ဖြစ်လာပါပြီ။
“Web Junkie” လို့ အမည်ပေးထားတဲ့ documentary ဇာတ်လမ်းကို နောက်လ PBS မှာ ပြသမှာဖြစ်ပြီး ဒီဇာတ်လမ်းဟာ ဗီဒီယိုဂိမ်းတွေကို စွဲလန်းတဲ့၊ တစ်ဒါဇင်လောက်ရှိတဲ့ ဂိမ်းတွေကို နာရီပေါင်းများစွာ ဆက်တိုက်ဆော့တဲ့၊ အိပ်ချိန်၊ စားချိန်၊ ဆီးသွားချိန်တောင် အနားမပေးတော့ဘဲ ဂိမ်းဆော့လာတဲ့ ဆယ်ကျော်သက်တွေရဲ့ ၀မ်းနည်းကြေကွဲဖွယ် သက်ရောက်မှုလေးတွေကို ပညာပေး ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက် ကလေးငယ် တော်တော်များများဟာ တကယ့်ကမ္ဘာကြီးကို အတုအယောင်လို့ ထင်ပြီး အီလက်ထရောနစ် မျက်နှာပြင်ပေါ်က ကမ္ဘာကြီးကိုသာ အစစ်လို့ ထင်လာကြပါပြီ။
တရုတ်နိုင်ငံဆရာဝန်တွေဟာ ဒီလိုဖြစ်တာကို ဆေးဘက်ဆိုင်ရာ ချို့ယွင်းမှုလို့ယူဆပြီး လူငယ်တွေကို ပြုပြင်ပေးနိုင်မယ့် ပြန်လည်ပြုပြင်ပျိုးထောင်ရေး စခန်းတွေ ဖွင့်လှစ်ခဲ့ကြပါတယ်။ ကုထုံးတွေဟာ လပေါင်းများစွာကြာပြီး ကုထုံးတွေဟာ တစ်ခါတရံ ပြင်းထန်လွန်းလှပါတယ်။ မီဒီယာနဲ့ပတ်သက်တာတွေ အားလုံးနဲ့ သီးခြားခွဲထားလိုက်ပါတယ်။ ဒီနေရာမှာ အင်တာနက် စွဲလန်းခြင်းကို ဆေးဘက်ဆိုင်ရာ ချို့ယွင်းချက်လို့ မယူဆပါဘူး။ အမေရိကန် လူငယ်တွေဟာ အင်တာနက်ကို နာရီပေါင်းများစွာ ကြည့်ရှုကြတယ်ဆိုပေမဲ့ ကျွမ်းကျင်ပညာရှင်တွေ ထင်ထားတာထက်ကို ကျန်းမာနေကြောင်း တွေ့ရှိရလို့ပါပဲ။
စကားမပြောတတ်၊ လမ်းမလျှောက်တတ်တဲ့ ကလေးတွေတောင်မှ မိဘတွေရဲ့ ဆဲလ်ဖုန်းတွေနဲ့ တက်ဘလက်တွေကို ယူကိုင်ပြီး သူ့တို့ကိုသူတို့ ဖျော်ဖြေရေးလုပ်ဆောင်လာကြတာကို တွေ့လာရပါတယ်။ ဖြစ်သင့်တာက သူတို့ကို ဂရုတစိုက် ရှိနေပေးမယ့်သူက အပြင်လက်တွေ့လောကကြီးကို တွေ့မြင်သင်ပြပေးနိုင်ရမှာပါ။
Ref:The New York Times
Credit: Trend Myanmar
Tuesday, July 7, 2015
"အီလက်ထရောနစ် မျက်နှာပြင်တွေကို စွဲလန်းတဲ့ ကလေးဦးရေ ပိုမို တိုးပွားလာ"
Labels:
နိုင်ငံတကာသတင်း
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment