Thursday, July 9, 2015
"ဆံပင်နှစ်ခွဖြစ်ခြင်းကို လျော့ပါးသက်သာစေဖို့ ဆံပင်ကို မီးရှိုးတဲ့နည်း ခေတ်စားလာ"
"ဆံပင်နှစ်ခွဖြစ်ခြင်းကို လျော့ပါးသက်သာစေဖို့ ဆံပင်ကို မီးရှိုးတဲ့နည်း ခေတ်စားလာ"
ဆံပင်နှစ်ခွဖြစ်တာမျိုးဟာ အမျိုးသမီးတွေ ဆံကေသာနဲ့ပတ်သက်ရင် တော်တော်လေး စိတ်ရှုပ်ကြရတဲ့ ကိစ္စပါ။ ဆံပင်ကဖွာသလိုလိုနဲ့ ပျက်စီးနေတဲ့ပုံကို ထင်းကနဲမြင်စေနိုင်တာကြောင့် ဆံပင်နှစ်ခွဖြစ်ပြီဆိုတာနဲ့ ဆံပင်ညှပ်ဆိုင် ပြေးညှပ်ရတဲ့ ဒုက္ခကလည်း မသေးလှပါဘူး။ ဒါပေမယ့် ခု ဒီဒုက္ခကို နိုင်ငံတကာမှာ ဖြေရှင်းနည်း ပုံစံအသစ်တစ်ခုနဲ့ ဖြေရှင်းလာကြပါတယ်။
Victoria's Secret မော်ဒယ် Alessandra Ambrosio မှာ အားလုံးသိချင်နေတဲ့ အဖြေရှိမယ့်ပုံပါပဲ။ ဘာလို့လဲဆိုတော့ သူမရဲ့အဖျားကွဲနေတဲ့ ဆံပင်တွေကို သက်သာသွားအောင်၊ အရင်ထက် ပိုကြည့်ကောင်းသွားအောင် လုပ်တဲ့နည်းတစ်ခု Instagram မှာ ပုံတင်လိုက်တာကြောင့်ပါ။ အဲ့ဒါကတော့ ပုံမှာပြထားသလို ဆံပင်ကို နည်းနည်းချင်းစီ ခွဲပြီး လိမ်ပေးလိုက်တဲ့အခါ ထွက်လာတဲ့ ဆံပင်အမွှားလေးတွေကို မီးစလေးနဲ့ ရှိုးပေးလိုက်တာပါတဲ့။ ကဲ ရူးသွားပြီလားလို့ မေးချင်စရာ နည်းလမ်းပါပဲ။ ဒါပေမယ့် သူမကတော့ အဆင်ပြေတယ်လို့ ဆိုထားပါတယ်။
ခုဆိုရင် ဒီနည်းကို နိုင်ငံတကာက ဆလွန်းတွေမှာ ၀န်ဆောင်မှုတောင် ပေးနေကြပါပြီ။ ဒါပေမယ့် သတိပေးချင်တာတစ်ခုကတော့ ဒီနည်းကို အိမ်မှာ မလုပ်ကြည့်ကြဖို့ပါပဲ။ ဒါအရေးကြီးပါတယ်။ ဆံပင်ကို မီးရှို့နေတုန်း ဆံပင်အားလုံး လောင်ကျွမ်းသွားတာမျိုးတွေ ဖြစ်နိုင်သလို အန္တရာယ်ကြီးလွန်းတာကြောင့် အိမ်မှာတော့ ဘယ်တော့မှ မစမ်းကြည့်ကြပါနဲ့။
မေသော်
Credit: Trend Myanmar



No comments:
Post a Comment