Wednesday, July 8, 2015
"ဆံပင်ကျဲလာရခြင်း အကြောင်းအရင်း (၆) ချက်"
"ဆံပင်ကျဲလာရခြင်း အကြောင်းအရင်း (၆) ချက်"
ဆံပင်ကျဲခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ဟာ အမျိုးသမီးတွေအတွက် တကယ့်အလေးအနက် ထားရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဖုံးကွယ် လျစ်လျိုရှူမနေသင့်ပါဘူး။ အမျိုးသမီးတွေ ဆံပင်ကျွတ်ခြင်းဟာ သင် ထင်ထားတာထက် အဖြစ်များနေပါတယ်။ နေရာအနှံ့ရှိ အမျိုးသမီးတွေဟာ ဆံပင်ပုံစံနဲ့ ဆံပင် အသုံးဆောင်စ္စည်းတွေ၊ ဦးထုပ်၊ လည်စည်းတွေနဲ့ ဖုံးကွယ်ရာမှာ ကျွမ်းကျင်နေကြလို့သာ သိပ်မသိသာတာပါ။ ဆံပင်ကျွတ်ခြင်း သို့မဟုတ် ဆံပင်ပါးလွှာမှုဖြစ်လာပြီ ဆိုပါက အချိန်နောက်မကျခင် တစ်ခုခု လုပ်ဆောင်သင့်ပါတယ်။ အဲဒီလို စတင်လုပ်ဆောင်ဖို့အတွက် ဆံပင်ဘာကြောင့် ကျွတ်ရသလဲဆိုတာ သိဖို့လိုအပ်ပါတယ်။
သင့်တော်မှန်ကန်တဲ့ အာဟာရဓာတ် မရရှိခြင်း
ဓာတ်မတည့်ခြင်း
ပူလောင်အိုက်စပ်တဲ့ အသုံးအဆောင် ပစ္စည်းကိရိယာတွေ အသုံးများလွန်းခြင်း
မွေးညင်းပေါက်တွေ ပိတ်ဆို့ခံရခြင်း
ပစ္စည်း မှားယွင်းသုံးစွဲခြင်း
ဟော်မုန်းဓာတ် အချိုးမညီမျှခြင်း တို့ကြောင့်သာ ဆံပင်ကျွတ်ကြတာပါ။ ဒါ့ကြောင် ဒီအချက်တွေထဲက ဘယ်တစ်ချက်နဲ့ ကိုက်ညီနေသလဲဆိုတာ အဖြေရှာပြီး ဆံပင်မပါးရအောင်၊ မကျွတ်ရအောင် ဂရုစိုက်လိုက်ပါတော့။
Ref: wellnessbin
Credit: Trend Myanmar

No comments:
Post a Comment