"အိမ်မှုကိစ္စမလုပ်သူ အိမ်ရှင်မများ အဝလွန်ဖို့ နီးစပ်"
ယနေ့ခေတ်မှာ အိမ်ရှင်မတွေဟာ အိမ်မှုကိစ္စတွေလုပ်ချိန် အရင်ကထက် နည်းပါးလာတဲ့နောက် အဝလွန်တဲ့ ပြဿနာကို ရင်ဆိုင်ရနိုင်ချေ ပိုများလာပြီလို့ သုတေသနတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ အိမ်မှုကိစ္စတွေ လုပ်တာနည်းပါးလေ ဝဖြိုးနိုင်ချေ များလေပဲလို့ သုတေသနက ထောက်ပြလိုက်တာပါ။
ကြမ်းတိုက်စက်၊ မိုက်ခရိုဝေ့ဗ်မီးဖိုနဲ့ အခြားသော လူကိုသက်သာစေတဲ့ စက်ပစ္စည်းတွေဟာ လူတွေ အဝလွန်လာရခြင်းရဲ့ တရားခံဖြစ်နေတက်ပါတယ်။ လူသားတွေ အင်အားစိုက်ထုတ်ရမှု သက်သာအောင် တီထွင်ထားတဲ့ စက်တွေဖြစ်ပေမယ့်လည်း တစ်ဖက်မှာ အဝလွန်ပြဿနာကို များစွာ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးလေ အဝလွန်သူများလေပဲလို့ သုတေသီတွေက ထောက်ပြပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ဖြစ်တဲ့ ၁၉၈၅ ခုနှစ်လောက်ထက် အိမ်ရှင်မတွေရဲ့ အိမ်မှုကိစ္စလုပ်ချိန်ဟာ ၂၀ ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလောက် လျော့နည်းလာပါတယ်။ လှုပ်လှုပ်ရှားရှား လုပ်ရတဲ့ အိမ်မှုကိစ္စတွေလုပ်တာ လျော့နည်းသွားတာကလည်း အိမ်ရှင်မတွေကို အဝလွန်စေတဲ့ အဓိကပြဿနာဖြစ်နေပါတယ်။ တစ်နာရီလောက် ကြမ်းတိုက်ခြင်းဟာ ကယ်လိုရီ ၂၀၀ လောက် လောင်ကျွမ်းစေပေမယ့် အခုတော့ ဖုန်စုပ်စက်၊ ကြမ်းတိုက်စက်တွေကိုသာ အားကိုးလာကြပါပြီ။ အမျိုးသား၊ အမျိုးသမီးတွေရဲ့ တစ်နေ့တာ လှုပ်လှုပ်ရှားရှား ပြုလုပ်ချိန်ဟာလည်း ပျမ်းမျှ ၁၁ မိနစ်လောက်ပဲ ရှိတော့တာ ဖြစ်လို့ အိမ်မှုကိစ္စ မလုပ်သူတွေ ဝနိုင်ချေ ပိုများတယ်လို့ သုတေသီတွေက ဆိုတာပါ။
၂၀၅၀ ခုနှစ်လောက်ရောက်ရင် ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးလောက်ဟာ အဝလွန်သူ (၀ါ) ဝဖြိုးသူတွေ ဖြစ်နေလိမ့်မယ်လို့ EEA ရဲ့ နှစ်ပတ်လည်အစီရင်ခံစာက တင်ပြထားပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကဆိုရင် လူတွေဟာ အလုပ်သွားဖို့ အနည်းဆုံး ၁၀ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ အခုတော့ ဘယ်သွားသွား ကားတွေနဲ့ ဖြစ်ကုန်တာကြောင့် အဝလွန်မှုတွေ ပိုလာရတာပါ။
source - dailymail
Credit: Planet
No comments:
Post a Comment