"ခေါင်းမှာ ချိုပေါက်နေတဲ့ အဘွားအို"
တရုတ်နိုင်ငံက အဘွားအိုတစ်ယောက်ဟာ ရှားပါးတဲ့ရောဂါရပ် တစ်ခုကို ခံစားနေရပြီး ဦးခေါင်းထိပ်မှာ ချိုတစ်ခု ဖြစ်ပေါ်နေပါတယ်။
ချိုဟာ လွန်ခဲ့တဲ့ ၈ နှစ်ကစပြီး ယားယံတဲ့ မှဲ့နက်တစ်လုံးကနေ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ Liang Xiuzhen နေ အဘွားအိုက ပြောပြပါတယ်။ ဆေးဖက်ဝင် အပင်ကုထုံးတွေနဲ့ အစပထမ ကုသခဲ့သေးတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ မှဲ့ဟာ ပေါက်ထွက်ပြီး လက်သန်းအရွယ်လောက်သာ ရှိတဲ့ ချိုတစ်ခု အရေပြားပေါ်မှာ စတင်ထွက်ပေါ်လာခဲ့ပါတယ်။ အဘွားအိုရဲ့ သားဖြစ်သူ Wang Zhaojun က အခုလိုပြောပြပါတယ်။ “ကျွန်တော်တို့ ဆေးရုံသွားခဲ့ကြပေမယ့် ဆရာဝန်တွေဟာ ဒီချိုကြီးထွားမှု ဘာကြောင့် ဖြစ်လဲဆိုတာ ရောဂါမရှာနိုင်ခဲ့ကြပါဘူး။ ကျွန်တော့်အမေကလည်း သူဆေးရုံတက်ရင် အိမ်ကိုပြန်မလာနိုင်တော့ဘူး ထင်ပြီး ဆေးရုံသွားရတာကို မကြိုက်ဘူး” ဒီလိုနဲ့ သူတို့ဟာ ဒီချိုကို လျစ်လျူရှုထားခဲ့ကြပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ Zhaojun ဟာ အမေကို ခေါင်းလျှော်ပေးနေရင်း ချိုလေးကို မတော်တဆ ပဲ့ထွက်သွားစေခဲ့ပါတယ်။ ထိုအချိန်ကစပြီး ချိုဟာ မြန်မြန်ဆန်ဆန် ဆက်ကြီးထွား လာခဲ့တာဖြစ်တယ်လို့ ပြန်လည်ပြောပြပါတယ်။ အခုအခါမှာ ချိုဟာ ငါးလက်မ အရှည်ရှိပြီး အချင်း ၂ လက်မ ရှိနေပြီဖြစ်ပါတယ်။ တစ်ချို့လန်နေတဲ့ နေရာတွေမှာ သွေးတွေ စထွက်လာခဲ့ပါတယ်။ အဖွားအိုဟာ တစ်ခါတစ်ရံ နာကျင်မှုကြောင့် အိပ်စက်လို့တောင် မရဘူးလို့ ဆိုပါတယ်။
အခုအခါမှာတော့ အဘွားအိုရဲ့ ရှားပါးရောဂါဟာ အရေပြားက ချိုပေါက်တဲ့ ရောဂါဖြစ်ပြီး ဆရာဝန်တွေက အဖြေရှာနိုင်ခဲ့ပါပြီ။ ဆံပင်နဲ့ လက်သည်းတွေမှာတွေ့ရတဲ့ keratin ပရိုတိန်းဓာတ်က ချိုကြီးထွားမှုမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဘွားအိုကိုသာ ဆေးရုံဆီ ရအောင်ခေါ်နိုင်မယ်ဆိုရင် ချိုကို ခွဲစိတ်ဖယ်ရှားနိုင်ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
ye wint
Credit: Trend Myanmar

No comments:
Post a Comment