"ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် ဖြစ်မဖြစ်ဆိုတာ ဒီနည်းဖြင့် သိနိုင်"
ခန္ဓာကိုယ် ထုထည်အတိုင်းအဆ ညွန်းကိန်း (Body Mass Index) ဟာ ကျန်းမာရေးအဖို့ အန္တရာယ်ဖြစ်စေတဲ့ ကိုယ်အလေးချိန် လွန်ကဲမှု ရှိမရှိ ဆုံးဖြတ်ဖို့ အကြွင်းမဲ့ ယုံကြည်စိတ်ချရတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဝလွန်ခြင်းကြောင့် ရောဂါအန္တရာယ် တစ်ခုခုရရှိသူများအနက် သုံးပုံတစ်ပုံဟာ ကျန်းမာနေသူများအဖြစ် ဖော်ပြထားကြောင်း body mass index ရဲ့ တွက်ချက်မှုများအရ သိရပါတယ်။ ကိုယ်အလေးချိန်ဟာ ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိမရှိ ဘယ်လို့ ဆုံးဖြတ်မလဲ။
ခန္ဓာကိုယ် ထုထည်ညွန်းကိန်းနဲ့ တိုင်းတာမှုစနစ် ထည့်စဉ်းစားမယ့်အစား မိမိအရပ်အမောင်းနဲ့ ခါးတိုင်းနှစ်ခုကြား ကွာဟမှုကို ကြည့်သင့်ပါတယ်။
ဒီစမ်းသပ်နည်းက အချိန်အနည်းငယ် (စက္ကန့် (၃၀) ခန့်) သာကြာပြီး ကြိုးတစ်ချောင်းတည်းကိုသာ လိုအပ်ပါတယ်။ စက်ချုပ်ဆရာသုံး ပေကြိုးဆိုရင်လည်း အဆင်ပြေပါတယ်။
ကြိုးတစ်ချောင်းကို မိမိအရပ်မောင်းနဲ့ အညီဖြတ်ပါ။ သို့မဟုတ် ပေကြိုးနဲ့ မိမိအရပ်မောင်းကို တိုင်းပါ။ ကြိုးကို ခလယ်ကနေ ခေါက်ချိုးချိုးပြီး ခါးမှာ ပတ်လည်တိုင်းပါ။ ကြိုးကို ချည်လို့ရနေရင် သင် ထိတ်လန့် ပူပင်စရာမလိုတော့ဘူးပေါ့။ သင်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ သို့ပေမယ့် ကြိုးအစွန်းနှစ်ဖက် ထိရုံလေး သို့မဟုတ် လုံးဝ မထိဘူးဆိုရင် အနည်းငယ် စိုးရိမ်စရာဖြစ်နေပြီး အစားအစာကို အတိုင်းအချင့်နဲ့ စားသုံးမှု စသင့်ပါပြီ။
Ref: naturalhealthcareforyou
Credit: Trend Myanmar
No comments:
Post a Comment