Friday, September 4, 2015

"လက်သည်းတွေ ကျိုးပဲ့ ကွဲအက်ခြင်းမရှိအောင် ထိန်းသိမ်းချင်တယ်ဆိုရင်"


"လက်သည်းတွေ ကျိုးပဲ့ ကွဲအက်ခြင်းမရှိအောင် ထိန်းသိမ်းချင်တယ်ဆိုရင်"

သင့်လက်သည်းတွေက နည်းနည်းလေး ရှည်လာတာနဲ့ ကျိုးသွားတတ်ပါသလား။ လက်သည်းတွေကို အက်ကွဲပဲ့ထွက်ခြင်းကနေ ကင်းဝေးစေဖို့ ဒီအချက်ကလေးတွေအတိုင်း လုပ်ဆောင်ဖို့သာ လိုပါတယ်။

(၁) လတ်ဆတ်သော ငုံးဥတစ်လုံး တစ်နေ့ (၃) ကြိမ် စားပေးပါ။ လက်သည်အတွက် လိုအပ်တဲ့ အာဟာရကို ရရှိစေပါလိမ့်မယ်။

(၂) ဆားငန်ရေဖြင့် စိမ်ပေးပါ။ ရေနွေးထဲ ပင်လယ်ဆား (၁) ဇွန်းပျော်ဝင်စေပြီး အဲဒီရေမှာ လက်ချောင်းများကို တီဗွီကြည့်ရင်းပဲဖြစ်ဖြစ် မိနစ် ၂၀ ကြာ စိမ်ထားလိုက်ပါ။ ပြီးပြီဆိုရင် လက်သည်းလေးတွေကို အယ်လ်မွန်ဆီနဲ့ ပွတ်ပေးပါ။

(၃) အနားကွပ်လေးကို သန်မာအောင်လုပ်ပါ။ ရေ (၇၀) မီလီလီတာ၊ လတ်ဆတ်တဲ့ တဆေး ၅ ဂရမ်နဲ့ ဂလစ်ဆလင်း အလှဆီ ၂၅ ဂရမ်ကို ရောမွှေပါ။ အဲဒီအရောအနှောဖြင့် လက်သည်းနေရာကို အနည်းဆုံး (၂) ပတ် နေ့တိုင်း ပွတ်ပေးပါ။

(၄) လက်သည်းကို အပြားလိုက် လှီးထားသော သံပုယိုသီးဖြင့် မကြာမကြာ ပွတ်ပေးပါ။ သံပုယိုသီးက လက်သည်းကို သန်မာ ဝင်းပစေပါတယ်။

(၅) သတ္တုတွေ မသုံးပါနဲ့။ လက်သည်းပေါ် အက်ကြောင်းလေးတွေဖြစ်စေပါတယ်။

Ref: gmc

Credit: Trend Myanmar

No comments:

Post a Comment