Thursday, September 3, 2015

"လိုအပ်တာထက် ဆားပိုစားခြင်းက အ၀လွန်ခြင်းနဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်စေနိုင်"


"လိုအပ်တာထက် ဆားပိုစားခြင်းက အ၀လွန်ခြင်းနဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်စေနိုင်"

တခြားကယ်လိုရီ ပါဝင်တဲ့ အစားအသောက်တွေ ဘယ်လောက်ပဲစားစား၊ ဆားကို အလွန်အကျွံ ထည့်စားခြင်းက အ၀လွန်ခြင်းကို အစပျိုးပေးတဲ့အရာ ဖြစ်နိုင်ပါတယ်။ တစ်နေ့တာလိုအပ်ချက်ထက် ပိုစားမိတဲ့ ဆားဂရမ်တိုင်းက အ၀လွန်မှုဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း မြင့်တက်စေနိုင်ပါတယ်။

ဆား အလွန်အကျွံစားသုံးမှုဟာ သွေးပေါင်ချိန်တက်ခြင်းနဲ့ ဆက်စပ်လျက်ရှိပြီး နှလုံးရောဂါဖြစ်နိုင်ကြောင်း သိကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ယခုလေ့လာတွေ့ရှိချက်အရ အ၀လွန်ခြင်းနဲ့ ဆား စားသုံးမှုဟာ တိုက်ရိုက်ဆက်စပ်နေကြောင်း သိရပါတယ်။ ကလေးငယ်ပေါင်း ၄၅၀ နဲ့ လူငယ်လူရွယ် ၇၈၀ ကျော်ကို ဗြိတိန်အမျိုးသား အစားအသောက်နဲ့ အာဟာရ စစ်တမ်းကောက်ယူအဖွဲ့က စစ်တမ်းကောက်ယူခဲ့တဲ့ အချက်အလက်တွေကို အသုံးပြုပြီး ကျွမ်းကျင်ပညာရှင်တွေက လေ့လာခဲ့တာဖြစ်ပါတယ်။

ပညာရှင်တွေဟာ ဆီးနမူနာတွေကို လေ့လာခဲ့ပြီး တစ်နေ့ လေးနပ်စားတဲ့ လူတွေရဲ့ ကယ်လိုရီပမာဏကို တွက်ချက်ခဲ့ရာမှာ အ၀လွန်သူတွေရဲ့ ဆီးအတွင်း ဆားဓာတ်ပါဝင်မှုဟာ တခြားလူတွေထက် များပြားနေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဆား အပို တစ်ဂရမ်စားတဲ့လူတိုင်းဟာ အ၀လွန်နိုင်ခြေ ၂၅ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

“ကျွန်တော်တို့ စားတဲ့အစားအသောက်တွေကို ထုတ်လုပ်တဲ့လုပ်ငန်းတွေက ဆား၊ အဆီနဲ့ သကြားတွေ ထပ်ပေါင်းထည့်ထားတာကြောင့် ဒီအစားအသောက်တွေက ကျွန်တော်တို့ ကျန်းမာရေးမကောင်းရခြင်းရဲ့ အဓိကတရားခံ ဖြစ်ပါတယ်။ သွေးပေါင်ချိန်တက်မှုနဲ့ အ၀လွန်ခြင်းကနေ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ၊ လေသင်တုန်းနဲ့ နှလုံးဖောက်မှု၊ နှလုံးခုန်မမှန်မှုတွေကို ဖြစ်စေနိုင်ပါတယ်”။ “အ၀လွန်ခြင်းဟာ ဆီးချိုအမျိုးအစား ၂ ရောဂါကို ဖြစ်စေနိုင်ပြီး ဆီးချိုကနေ နောက်ဆက်တွဲ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါနဲ့ တခြားဆိုးရွားတဲ့ ရောဂါသစ်တွေ ထပ်တိုးလာနိုင်တယ်” လို့ ဆေးပညာ ပါမောက္ခ MacGregor က ရှင်းပြပါတယ်။

တစ်နေ့ကို ဆား ခြောက်ဂရမ်ထက် ပိုမစားသင့်ပေမယ့် ကျွန်တော်တို့ဟာ ပျှမ်းမျှ တစ်နေ့ကို ၈ ဂရမ်လောက် စားနေကြတယ်လို့ သိရပါတယ်။

ye wint

Credit: Trend Myanmar

No comments:

Post a Comment