ချစ်
ငါ ယုံလွယ်သူတစ်ယောက် မဟုတ်ခဲ့ဘူး
ဒါပေမယ့်… နင့်စကားတိုင်းကို ယုံကြည်ချင်နေမိတယ်။
ချစ်
ငါ ခံစားရလွယ်သူတစ်ယောက် မဟုတ်ခဲ့ဘူး
ဒါပေမယ့်… နင့်အတွက်ဆို နူးနူးညံ့ညံ့သံစဉ်တွေ ရေးစပ်ဖြစ်နေတယ်။
ချစ်
ငါ မျက်ရည်လွယ်တဲ့သူ မဟုတ်ခဲ့ဘူး
ဒါပေမယ့်… နင် ဂရုမစိုက်ရင်တော့ ငိုချင်စိတ်တွေ ဖြစ်ပေါ်လာတတ်တယ်။
ချစ်
ငါ မပြတ်မသားနေထိုင်တတ်တဲ့သူ မဟုတ်ခဲ့ဘူး
ဒါပေမယ့်… နင်နဲ့ပတ်သတ်လာရင် ဝေေ၀၀ါးဝါး သံယောဇဉ်ကိုလည်း ငါမြတ်နိုးနေမိတယ်။
ချစ်
ငါကလေ တစ်ချိန်ချိန်ကိုမှန်းပြီး ကြည်နူးလွယ်တတ်တဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူး
ဒါပေမယ့်… နင့်ကြောင့် ငါ တစ်နေ့နေ့ဆိုတဲ့ အတွေးတွေနဲ့ နိုးထတတ်လာခဲ့တယ်။
Credit: Lwan Lay
No comments:
Post a Comment